ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအစီအစဉ်တွင် ပါဝင်ကြမည့် ပြည်နယ်ကိုယ်စားပြုရိုးရာအကအဖွဲ့အား တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား ဒီဇင်ဘာ ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော် နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား များအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ် ကျင်းပပြုလုပ်သည့် အခမ်းအနားများဖြစ်သည့်အတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီး အနေဖြင့် လုပ်ငန်းတာဝန်များအပေါ် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် အဖွဲ့အစည်းအားလုံးပါဝင်ပြီး နွေးထွေးစည်းလုံးချစ်ခင်စွာ၊ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုနိုင်ရေး အလေးအနက်ထား…