သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ရှိ စေတီပုထိုး၊ ဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

မြစ်ကြီးနား       အောက်တိုဘာ ၆

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

စေတီတော်ဝင်ရာလမ်းတစ်လျှောက်၌ မုန့်ဆိုင်တန်းများ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များဖြင့် လည်ပတ်စားသောက်လျက်ရှိသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရပ်တော်မူစေတီတော်ကြီးနှင့် လျောင်းတော်မူစေတီတော်တို့တွင်လည်း ကုသိုလ်ကောင်းမှုပြုသူများ၊ လည်ပတ်သူများဖြင့် စည်းကားလျက်ရှိသည်။

ထို့အပြင် မြို့လယ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်း၌လည်း မိသားစုလိုက်လာရောက်လည်ပတ် ကစားသူများဖြင့် ယခင်နှစ်များထက် စည်ကားလျက်ရှိကြောင်း သိရသည်။