မြစ်ကြီးနား အောက်တိုဘာ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မိုင်းနား RC အသင်းတော်ဘုရားကျောင်းဝင်းနှင့် မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက်အတွင်းရှိ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံထောက်ပံ့ပေးခဲ့ကြသည်။
ရှေးဦးစွာ မိုင်းနားကျေးရွာ၊ မိုင်းနား RC ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမ၌ ယာယီအိမ်ထောင်စုများအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက မိမိတို့ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိမ်း ရှောင်များအား အမိုးအကာတို့ဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးနှင့် နေ့စဉ်စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်များကို တတ်အားသ၍ ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း အားပေးပြောကြားကာ မခေါယန် (RC)စခန်းနှင့် မိုင်နား(RC)စခန်းများတွင် ယာယီခိုလှုံနေထိုင်သော ဗန်းမော်၊ မိုးမောက်၊ ဖားကန့်၊ နန့်ဆန်ယန်၊ ဂါးရာယန်၊ မလန်းယန်၊ စန်းကား၊ အောင်မြေ(၁)၊ ရွှေညောင်ပင်နှင့် ဝူယန်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၂၁၀ စုတို့အတွက် ဆန် (၁၀၅) အိတ်၊ ဆီ (၁၀၅) ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ စခန်းတာဝန်ခံက ယာယီတိမ်းရှောင်စခန်း (၂)ခုအတွက် လိုအပ်သည်များအား တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး စခန်းနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားသာသနာနယ် လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ရုံးဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စခန်းတာဝန်ရှိသူများက စခန်းအတွက်လိုအပ်သည်များကို တင်ပြခဲ့မှုအပေါ် တာဝန်ရှိသူများနှင့် ပေါင်း စပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၃၉) စုအတွက် အခြေခံစာသောက်ကုန်များဖြစ်သော ဆန် (၃၉)အိတ်၊ ဆီ (၃၉) ပိဿာ နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။



