ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဦးခင်မောင်လွင် (ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ပဉ္စမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်သို့ တက်ရောက်

0-0x0-0-0#

မြစ်ကြီးနား အောက်တိုဘာ ၂၆

             ကချင်ပြည်နယ်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများစုပေါင်း၍ ပဉ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်း တိုက်တွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ဦးခင်မောင်လွင် (ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကချင် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန)က ဝန်ထမ်းမိသားစုများနှင့်အတူ ပုရိမဝါမှ ထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာဆန်း မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

          ထို့နောက် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။