မြစ်ကြီးနား သြဂုတ် ၁၇
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍပိုမိုတိုးတက်လာစေရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသော အထွက်တိုးသီးနှံမျိုးစေ့များ သုတေသနပြုထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် ပိုးမွှားကာကွယ်ရေးနည်းလမ်းများ တောင်သူများထံ ဖြန့်ဝေပေးနိုင်ရေး မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ဇီးလွန်မျိုးသန့်ခြံလုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊မျိုးသန့်ခြံမှ တာဝန်ရှိသူများနှင့် အဆိုပါ ဇီးလွန်မျိုးသန့်ခြံ၌တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရေး၊ တောင်သူများထံ အရည်အသွေးပြည့်မီပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသော အထွက်တိုးမျိုးစေ့များ လွယ်ကူစွာရရှိရေး သုတေသနပြု စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးနည်းလမ်းများ တောင်သူများထံအရောက်ဖြန့်ဖြူးနိုင်ရေး၊ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းများရရှိအောင် အလေးထားဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ ခြံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


