
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေစင်ရွှေသား၊ ရွှေသင်္ကန်းအသစ်တဖန်ကပ်လှူပူဇော်မည်
မြစ်ကြီးနား သြဂုတ် ၂၁ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ် တွင် တည်ထားကိုးကွယ်ခဲ့သည့်အပြင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ထီးတော်တင်လှူခဲ့သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းတော် တစ်ဖန်ကပ်လှူနိုင်ရေး သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။ အဆိုပါ ရွှေမိုးတောင်စေတီမြတ်ကြီးကို မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီး၊ စေတနာအလှူရှင်များ စုပေါင်းပါဝင်ကုသိုလ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် ရွှေသင်္ကန်းတော်ကို အများကြည်ညိုသပ္ပါယ်ဖွယ် ဖူးမြှော်နိုင်ရေး ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၅ နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရာသီ ဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့်…