
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မြေနေရာ၊ နည်းပညာတက္ကသိုလ်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများနှင့် မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် သင်္ကြန်အကြိုနှုတ်ဆက် ရေသဘင်ပွဲတော် တက်ရောက်
မြစ်ကြီးနား မတ် ၁၆ ကချင်ပြည်နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား တက္ကသိုလ်အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေနေရာလျာထားဆောင်ရွက်လျက်ရှိရာ မတ် ၁၆ ရက် နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ လျာထားမြေနေရာအား ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံ ဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့ နန်ပေါင်ရှောင်ကွင်းလမ်းမှတစ်ဆင့် မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများသတ်မှတ်လျာမှုအခြေအနေနှင့် ကွန်ပျူတာ တက္ကသိုလ်အတွက် မြေဧက ၃၀ သတ်မှတ်လျာထားမှု အခြေအနေများကို…