ကချင်ပြည်နယ်ဝန်ကြီးချုပ် Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
မြစ်ကြီးနား ဇန်နဝါရီ ၂၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Polytechnic University (Myitkyina) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ ပြည်နယ်ဝန်ကြီးချုပ်က Polytechnic University မှာရှိသည့် ဘာသာရပ်အသီးသီးတွင် အင်ဂျင်နီယာမေဂျာ(၅)နှစ်နှင့် ကွန်ပျူတာမေဂျာ(၄)နှစ်စသည့် ပညာသင်ကာလများကို စတင်ဖြတ်သန်းကြတော့မည့် မောင်မယ်သစ်လွင်များကို ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ကျောင်းသားဆိုသည်မှာ မိမိကိုယ်ကိုလည်း အကျိုးပြုရပြီး မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်သည့် လူတော်၊ လူကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ရည်မှန်းချက်အတိုင်း ပန်းတိုင်ကိုရောက်ရှိရေး ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ တို့ဖြင့် ပြီးမြောက်အောင် စွမ်းဆောာင်ကြရန်နှင့် တိုင်းပြည်နှင့် ပြည်နယ်အတွက် အကျိုးရှိသော လူငယ်ပညာတတ်များဖြစ်အောင်…