ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး
မြစ်ကြီးနား ဇန်နဝါရီ ၂၈ ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတို့အတွက် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ သဘာဝအလှအပများသည် ခရီးသွား လုပ်ငန်းဖြင့် အောင်မြင်ဖွံ့ဖြိုးလာနိုင်သည့်အတွက် မိမိတို့ဒေသ၏ အထင်ကရနေရာများကို ဒေသ တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားမှုရှိလာစေရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် စိစစ်ခွင့်ပြုပေးရမည့် လုပ်ငန်းများအပေါ် ကြန့်ကြာမှုမရှိစေရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးကိုလည်း ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ […]ဆက်လက်ဖတ်ရှူရန်