မြစ်ကြီးနား စက်တင်ဘာ ၁၀
ကချင်ပြည်နယ်အတွင်းရှိ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူရေးရာ ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ ဦးစားပေး ကုန်စည် (၁၀)မျိုးကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ စက်တင် ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် စားသုံးသူရေးရာကော်မတီ အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ကော်မတီအနေဖြင့် စားသုံးသူတိုင်းအတွက် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိသောကြောင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးပါက ပြည်သူလူထုအနေဖြင့် ကောင်းမွန်သောလူမှုဘဝကို ရရှိခံစားလာနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များနှင့်အညီ ဦးစားပေး ကုန်စည် (၁၀) မျိုးအား ဈေးကွက် စောင့် ကြည့်စစ်ဆေးခြင်း၊ ကုန်စည်များအား အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်မရာက်မီ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်ဖြစ်သည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း များကို ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား စေ့စပ် ညှိနှိုင်းပေးခဲ့မှု အခြေအနေများနှင့်မြေပြင်ကွင်းဆင်း စစ်ဆေးသွားမည့်အစီအစဥ်များ၊ ရှေ့လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး (၃/၂၀၂၆) ကြိမ်မြောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အစည်းအဝေးတက်ရောက်