ကချင်ပြည်နယ်ဝန်ကြီးချုပ် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုပွဲနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်နယ်မှ သွားရောက်ပါဝင်ခဲ့ကြသော တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအကအဖွဲ့များအား ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ &Read More