ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပြီး အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာဖွင့်လှစ်နိုင်ရေးနှင့် အားကာသိပ္ပံကျောင်း အဝင်လမ်းပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပြီး အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာဖွင့်လှစ်နိုင်ရေးနှင့် အားကာသိပ္ပံကျောင်း အဝင်လမ်းပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၅

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အေရိုးဗစ်အသင်းအား ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကား ပြောကြား သည်။

          ရှေးဦးစွာ လက်ရွေးစင်အသင်းနည်းပြ ဒေါ်ဘတ်တီဆိုင်းဆန့်က လက်ရွေးအသင်း၏ ပြိုင်ပွဲ ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် တံခွန်စိုက်ဒိုင်းဆုများစွာ ဆွတ်ခူးထားရှိသည့် သမိုင်းအစဉ်အလာကောင်းများစွာရှိပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်ကြ မည့် လက်ရွေးစင်အသင်းအနေဖြင့် အကောင်းမွန်ဆုံးယှဉ်ပြိုင်သွားကြရန် လိုအပ်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအုပ်ချုပ်သူနှင့် နည်းပြတို့ထံ အောင်နိုင်ရေးအလံ ပေးအပ်ပြီး လက်ရွေးစင်အသင်းအတွက် ထောက်ပံ့ငွေများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်အမျိုးသမီးအားကစားဆပ် ကော်မတီမှ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးကတိပြုစကားပြန်လည် ပြော ကြားခဲ့သည်။

ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ပိုင် အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ (ဧရာဝတီ) ဖွင့်လှစ်နိုင်ရေးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအဝင်လမ်း ပြုပြင် ဖောက်လုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ပိုင် VIP ဧည့်ရိပ်သာ (ဧရာဝတီ) အဆောက်အအုံသစ်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရေး၊ ပြင်ဆင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်နှင့် ဖြည့်စွက်ဆောင်ရွက်သွား ရမည့် လုပ်ငန်းများ ဆောင်ရွက်ကြရေး၊ အားကာသိပ္ပံကျောင်း အဝင်လမ်းခင်းခြင်းလုပ်ငန်းနှင့် မြေယာပြုပြင် ရှင်းလင်းခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပြီးစီး‌ရေးတို့နှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ VIP ဧည့်ရိပ်သာ(ဧရာဝတီ)ထိန်းသိမ်းစောင့်ရှောက်ရေးဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ ရန်ပုံငွေဖြည့်ဆည်းရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရသည်။