(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄

          (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရယူခဲ့ကြသော ပြည်နယ် ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနား လေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

          အဆိုပါ ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားအသင်းလိုက် (အကျော ပေး) ပြိုင်ပွဲတွင် တတိယဆုဖလားကို လည်းကောင်း၊ အမျိုးသမီးအသင်းအနေဖြင့် အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ပထမဆုဖလားနှင့် တစ်ဦးချင်းအကျောပေးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယ ဆုများ၊ အကျောမဲ့ပြိုင်ပွဲတွင် တတိယဆုများကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပြီး ပြန်လည် ရောက်ရှိလာရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ကချင်ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုဖြင့် အသင်းအုပ်ချုပ်သူ ဦးခင်မောင်ငြိမ်း (ဗိုလ်မှူးကြီး၊ ငြိမ်း)နှင့် နည်းပြ ဦးနေမင်းတို့ ဦးဆောင်ပြီး အမျိုးသား၊ အမျိုးသမီး (၆)ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။