ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ
မြစ်ကြီးနား သြဂုတ် ၂၁ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ပြည်နယ် သယံဇာတ ဝန်ကြီး ဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သြဂုတ်လ ၂၀ ရက်နေ့ ညနေ၃ နာရီအချိန်က ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန််နှင့်အဖွဲ့ဝင်များသည်် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ လဘန်၊ တန်ဘောင်၊ မဒိန် ၊ခကွမ်ရပ်ကွက်နှင့်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လတ်တလော နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်နေရသည့် ပြည်သူများ၏ နေထိုင် စားသောက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေ အရ လက်ရှိရွေ့ပြောင်းနေထိုင်သည့်နေရာများတွင် မိသားစုဝင်များ၏ လုံခြုံမှုရှိစေရေး ၊ နေထိုင် စားသောက်မှု […]Read More