ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ ရေဝပ်သည့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် နှာခေါင်းစည်း(Mask) များသွားရောက်ထောက်ပံ့

 ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ ရေဝပ်သည့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် နှာခေါင်းစည်း(Mask) များသွားရောက်ထောက်ပံ့

မြစ်ကြီးနား သြဂုတ် ၁၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သြဂုတ်လ လဆန်းပိုင်းက မိုးများအဆက်မပြတ် ရွာသွန်း ရေကြီးရေလျှံခြင်းကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် အချို့ရှိ ပြည်သူများ ရေဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အစိုးရအဖွဲ့ဝင်များသည် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က ရပ်ပူရပ်ကွက်ရှိ ရေဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်လျက်ရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်နှင့်နှာခေါင်းစည်း(Mask) များသွားရောက်ထောက်ပံ့ခဲ့သည်။ ထိုသို့ထောက်ပံ့ရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊ပြည်နယ် သယံဇာတ ဝန်ကြီး ဦးတိန့်ဆောင် နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း တို့မှ ရေဘေးသင့် အိမ်ထောင်စု (၇)စု တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီ အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်ရှိ မြေနိမ့်ပိုင်းဖြစ်သည့် ရေဝပ်သောနေအိမ်များအား သွားရောက်ကွင်းဆင်းစစ်ဆေးပြီး ရေစီး ရေလာကောင်းမွန်စေရေး နှင့် ရေဘေးကြိုတင်ကာကွယ်နိုင်ရေး တို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။