ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကိုဗစ် -၁၉ ရောဂါကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကိုဗစ် -၁၉ ရောဂါကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

မြစ်ကြီးနား သြဂုတ် ၂၀
ကချင်ပြည်နယ် ကိုဗစ်၁၉-ရောဂါ ကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁နာရီ အချိန်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး ၊ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတဝှမ်း ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာတာနှင့်အညီ ကချင်ပြည်နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါအား တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ် လာနိုင်ပြီဖြစ်ကြောင်း လာမည့် စက်တင်ဘာလတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကိစ္စရပ်များအား စည်းမျဉ်း၊ စည်းကမ်းများ တင်းကြပ်စွာ နောက်ထပ်တဆင့် တိုးမြှင့်ဆောင်ရွက်ရန် ရှိသောကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် စိုက်ပျိုး၊မွေးမြူရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦးမှ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အောက်စီဂျင်လုံလောက်စွာရရှိရန်အတွက် အောက်စီဂျင်Plant များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ၊အောက်စီဂျင်အိုးအရံထားရှိရေး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများ၌ ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် ယင်းဒေသရှိပြည်သူများ စားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ဆက်လက်ပြီး ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကာကွယ်ရေးထိုးနှံရန်ကိစ္စရပ်များအား လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လမ်းညွွှွန်ချက် စည်းမျဉ်း စည်းကမ်း များနှင့့်အညီ စီစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက ်ပြည်နယ်ကျန်းမာရေးဦးစီးမှူးနှင့် တက်ရောက် လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေး အတွက် ဆောင်ရွက်နေသည့်အခြေအနေများအား ဆွေးနွေးတင်ပြပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကျဆင်းရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသော တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လာမည့် စက်တင်ဘာလတွင် ပန်းခင်းစီမံချက်ဆောင်ရွက်ရန် ရှိပါသောကြောင့် ကချင်ပြည်နယ် တပြည်နယ်လုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၂၅ရာခိုင်နှုန်းအောက် လျော့ကျအောင် အထူးကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။