ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာလအတွင်း IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့
မြစ်ကြီးနား ဇူလိုင် ၁၁ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှု များပြားလာသည်နှင့် အမျှ IDPs စခန်းနေမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင် ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ ဇီးအုန်နှစ်ခြင်းခရစ်ယာန်ဝင်း အတွင်းရှိ IDPs စခန်း၌ မလိယန်၊ ဇီးအုန်၊ ဗက်လင် IDPs စခန်းများမှ တာဝန်ရှိသူများနှင့် စခန်းနေ မိသားစုများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှု…