ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၆

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိသူများအား စနစ်တကျထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် အတူ ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့ ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေး ကြသည်။

          မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကုသရေးနှင့် အသွား အလာကန့်သတ်ထားရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း (၄)ထပ်လူနာဆောင်သစ်၌ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း လက်ရှိကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီးတို့၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားမြို့ သားဖွားသင်တန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတို့၌ ကိုဗစ်-၁၉ လူနာများအား Quarantine Centre ဖွင့်လှစ်၍ အသွားအလာကန့်သတ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် အကာအကွယ်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ကုသရေးလုပ်ငန်းနှင့် ပိုးတွေ့လူနာ မြင့်တက်လာသည်နှင့်အမျှ ကုသရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်အတွင်း ကုသရေးနှင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဆေးရုံကြီးအတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ဝိုင်းမော်မြို့ လော်ဝေါ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ဒူဝါလော်ဝါးဇောင်းခေါင် အောင်းမေ့ဖွယ်ခန်းမဆောင်အတွင်း Quarantine Centre ဖွင့်လှစ်၍ အသွားအလာကန့်သတ်နိုင် ရေးစီစဉ်ဆောင်ရွက်ထားရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ကော်မတီတွင် စုဆောင်းထားရှိသည့် ရန်ပုံငွေများ၊ ကာ ကွယ်ရေးသုံးပစ္စည်းများနှင့် ခရိုင်၊ မြို့နယ်များသို့ ဖြန့်ဝေပေးနိုင်ရေး၊ ခရိုင်နှင့် မြို့နယ်များအလိုက် ရုံးအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ Call Centre များထားရှိရေး၊ လက်ရှိဆောင်ရွက်ထားသည့် Quar-antine Centre များ၊ ကြပ်မတ်ကုသရေးအဆောင်များအပြင် အရန် Centre ရှာဖွေထားရေး၊ စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်ကြမည့် လူဦးရေစာရင်းကောက်ယူ၍ ရက်တိုသင်တန်းပေး နိုင်ရေး၊ အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွားများအထိ တိုးမြှင့်ဆောင်ရွက်သွားရေး နှင့် မြို့ဝင်/ထွက်ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များကို စနစ်တကျစုဖွဲ့‌ဆောင်ရွက်ကြရေး၊ ရန်ပုံငွေ ရရှိ/သုံးစွဲမှု အခြေအနေများကို  စနစ်တကျ စာရင်းရေးသွင်း၍ စာရင်းစစ်ဆေးမှုခံယူနိုင်ရေးနှင့် ကာကွယ်ရေးသုံးပစ္စည်းလိုအပ်ချက်၊ စက်သုံးဆီလိုအပ်ချက်နှင့် Quarantine Centre များတွင် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် အုပ်ချုပ်/ ထောက်ပံ့ မှုဆိုင်ရာလုပ်ငန်းများကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။