ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၅

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိ ရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့်ပူးပေါင်းချိတ်ဆက်ဆောင် ရွက်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ လူမှုရေး အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ကော်မတီဝင် များနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်း များမှ တာဝန်ရှိသူများက အသီးသီးမိတ်ဆက်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ရောဂါ ပိုးတွေ့ရှိသူ ယနေ့အထိ စုစုပေါင်း ၁၃၂၅ ဦးနှင့် သေဆုံးသူ ၆ ဦးထိရှိပြီဖြစ်ကြောင်း၊ ပိုးတွေ့ရှိမှု အနေဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်၍ ကျဆင်းမသွားဘဲ ဆက်လက်ပျံ့ပွားလာသည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးတို့ အတွက် သက်ဆိုင်ရာကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအသီးသီးတို့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ချိတ်ဆက်၍ အတူတကွ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရန်  လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်က ပြည်နယ်အတွင်း ကိုဗစ်ပိုး တွေ့ရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးဗဟိုဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန် ကြားချက်များနှင့် ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပြီး ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး က ပြည်နယ်အတွင်း ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါပိုးစစ်ဆေးနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်း တာဝန်ရှိသူများက မြို့နယ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေများ၊ မြို့ဝင်/ထွက်ဂိတ်များတွင် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည့်လုပ် ငန်းစဉ်များ၊ ဈေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီရောင်းချနိုင်ရေး၊ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်း ချခွင့်ပြုသွားမည့် အစီအစဉ်များ၊  လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ တွင်တွေ့ကြုံရသည့်အခက်အခဲများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းလိုအပ်ချက်များ၊ အောက်ဆီဂျင်ရရှိနိုင်မှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များအ တွက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြ သည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ လူမှုရေးအသင်းအဖွဲ့များနှင့် ဖောင်ဒေးရှင်များအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် ထောက်ပံ့ငွေ ကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများတွင် အချင်းချင်းပူးပေါင်းချိတ်ဆက်၍ ဆောင်ရွက်သွားနိုင်ရေး၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရေး၊ ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် သတင်းအချက်အလက်များကို လျင်မြန်စွာရယူပြီး လိုအပ် သည့် ထိန်းချုပ်ရေးအစီအမံများ၊ ပညာပေးအစီအစဉ်များနှင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှာ ကိုဗစ်ရောဂါပိုး စတင်ဖြစ်ပွား ခဲ့သည့် အချိန်မှ စတင်၍ ယခုနှစ် ၂၀၂၁ ခုနှစ် ဇူလိုင် ၄ ရက်နေ့အထိ ၁၃၂၅ ဦးကူးစက်ခံရပြီး သေဆုံးသူ ၆ ဦးထိရှိကြောင်းနှင့် ပြည်နယ်အတွင်း မေလနောက်ဆုံးပတ်မှ စတင်၍ ဇူလိုင် ၄ ရက် အထိ ကိုဗစ်ရောဂါ ထပ်တိုးကူးစက်မှုခံရသူဦးရေ ၁၈၈ ဦး၊ သေဆုံးသူ ၄ ဦးတိုးလာကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။