ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူများ၏ ကချင်နှင့်ရှမ်း တိုင်းရင်းသားရိုးရာ ဝတ်စုံများဖြင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို ရိုးရာမပျက် ဆန်းသစ် တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင် (Fashion) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား သည်။ &Read More