ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည် ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ခရိုင်/ မြို့နယ်များအလိုက်စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာရေးအတွက် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် ရင်းနှီးမတည် ဆောင်ရွက်ပေး လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊  ထပ်မံရင်းနှီးမတည်ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်  ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ သုံးသပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

           ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းစုလုပ်ငန်းများနှင့် MSME  လုပ်ငန်းများအတွက် တောင်သူများထံ ရန်ပုံငွေများ မတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်မှုရရှိရေး သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များအလိုက် အဆင့်ဆင့်ကွင်းဆင်းကြပ်မတ်၍ လိုအပ်သည်များကို စဉ်ဆက်မပြတ် ပေါင်းစပ်ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အား နည်းချက်ကို ပြန်လည်သုံးသပ်ပြီး ကျန်ရှိသည့် ရန်ပုံငွေများကို တောင်သူများလက်ဝယ် အရောက် အမြန်ဆုံးလွှဲအပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား လွှဲအပ်ဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ပြည်နယ်အဆင့် ကော်မတီသို့ ထပ်မံတင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြ ပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ကော်မတီအဖွဲ့ ဝင်များက လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရင်းနှီးမတည်ပေးလျက်ရှိသည့် အခြေအနေများ၊ ခရိုင်၊ မြို့နယ်များအလိုက် ရန်ပုံငွေထပ်မံတောင်းခံလာမှုအပေါ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊မြို့နယ်များအလိုက် ရန်ပုံငွေများအပေါ် လုပ်ငန်းလက်စွဲ စာအုပ်ပါအတိုင်း စီမံဆောင်ရွက်သွားရေး၊ ရင်းနှီးမတည်ပြီး လုပ်ငန်းများနှင့် ထပ်မံရင်းနှီးမတည် ပေးသွားမည့် လုပ်ငန်းစီမံကိန်းများကို အမြန်ဆုံး ရွေးချယ်စိစစ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေး၊ ကျေးလက်နေတောင်သူများဘဝ တိုးတက်မြင့်မားရေး၊ ကုန်ထုတ်လုပ် မှုများတိုးတက်မြင့်မားရေးလာစေအတွက် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၁၀၆ ရွာ တွင် စီမံကိန်းလုပ်ငန်းပေါင်း ၉၀ ခု၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၁၇ ရွာတွင် စီမံကိန်းလုပ်ငန်း ၁၇ ခု၊ ငါးလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၆ ရွာတွင် စီမံကိန်းလုပ်ငန်း ၆ ခု၊ သမဝါယမအသင်းစုလုပ်ငန်းဆောင်ရွက်သော ကျေးရွာ ၄၀ တွင် စီမံကိန်းလုပ်ငန်းများ ၄၀ ခုတို့အား မြို့နယ်ပေါင်း (၁၄)မြို့နယ်အတွင်းရှိ တောင်သူများထံ ရန်ပုံငွေများကို ရင်းနှီးမတည် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရသည်။