ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

မိုးညှင်း          ဖေဖော်ဝါရီ ၁၄

          ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးအား ဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင် ရွက်သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာအတွင်းရှိ KEP ရုံးဝင်းအတွင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်ပွဲသို့ တက်ရောက်ပြီး ကော် မတီရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကော်မတီဥက္ကဋ္ဌ ဦးရှီးဇော်ဟောင်းခေါင်က နှုတ်ဆက် စကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်သည် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရေး အဓိကလမ်းမကြီးပေါ်တွင်တည်ရှိသည့်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ယခုကဲ့သို့ မော်တော်ယာဉ် များကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကုန်စည်စီးဆင်းရာတွင် စနစ် တကျဖြင့် စီမံဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားပြီး သိက္ခာတော်ရဆရာ ဦးတူးဂျာက ကော်မတီရုံးဖွင့်ပွဲအတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ထွက်ခွာ ခဲ့ကြပြီး ဟိုပင်မြို့၊ အင်းလေးကျေးရွာ ကွင်းအမှတ် (၃၂၉/က)အတွင်း တောင်သူ ဦးတင်မြိုင်၏ ဆောင်းသီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံနေကြာ ၄ ဧကနှင့် ပဲပုတ်စိုက်ပျိုးထားရှိမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ခရိုင်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရေး အတွက် မေးမြန်းဆွေးနွေးခဲ့ကြပြီး တောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် စိုက်ပျိုး ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြကာ စိုက်ခင်းအတွင်း နေကြာနှင့် ပဲပုတ် သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာ အုပ်စု၊ ကွင်းအမှတ် ၂၆၅ အတွင်း တောင်သူဦးထွန်းအောင်၏ နေကြာစိုက်ဧက ၄ ဧကအတွင်း နေကြာသီးနှံစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် နန်းမာကျေးရွာအုပ်စု ကွင်းအမှတ် ၂၇၅ အတွင်း နေကြာသီးထပ်သီးနှံ ၄ ဧကခွဲ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နေကြာသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်မှု အခြေအနေ များနှင့် စိုက်ပျိုးရေလုံလောက်မှုရှိစေရန် စက်ရေတွင်း တူးဖော်ပေးနိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် သမဝါယမအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့များနှင့် နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် မိုးညှင်းခရိုင် စုပေါင်းရုံး Mini အစည်းအဝေးခန်းမ၌ ခရိုင်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပါဝင်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးသည် အဓိကကျသည့် အခန်းကဏ္ဍ တွင် ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူဦးရေစာရင်း မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းသည် နယ်မြေအလိုက် မြေပြင်လူဦးရေကို တစ်နိုင်ငံလုံး ပြန်လည် စစ်ဆေးသည့် လုပ်ငန်းဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည့် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီလွင်က ခရိုင်အတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် လူဦးရေစာရင်ကောက်ယူခဲ့မှုအခြေအနေများနှင့် နယ်မြေ အခြေအနေအရ လုံခြုံရေးအင်အားရယူ၍ ကွင်းဆင်းကောက်ယူခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အဆိုပါ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော် အကြီးအကဲမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် ရန်ပုံငွေများကို ရင်းနှီးမတည်ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွက်ခွဲဝေရရှိသည့် ရန်ပုံငွေကျပ် ၈ ဘီလီယံအနက် မိုးညှင်းခရိုင်အတွက် (၁.၄၆)ဘီလီယံကို ရင်းနှီးမတည်ပေးနိုင်ရေး ခွဲဝေချထား ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ရန်ပုံငွေများ ထပ်မံရင်းနှီးမတည်ပေး နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် မိမိတို့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် အားလုံး က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ခရိုင် အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ခွဲဝေရရှိမှု၊ လုပ်ငန်းစီမံကိန်းအလိုက် ရန်ပုံငွေများ လွှဲပြောင်းအပ်နှံထားရှိမှုနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူးရေးတောင်သူများအတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်ချက် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၉၅ ၊ နန့်လိုင်ကျေးရွာအတွင်း တောင်သူ ဦးမောင်အေး၏ လယ်တွင် နေကြာသီးနှံ ၄ ဧကကျော်စိုက် ပျိုးဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ တင်ပြမှုကို လိုအပ်သည်များ ဖြည့်ဆည်း ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး တောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် နေကြာမျိုး ကောင်းမျိုးသန့်မျိုးစေ့များ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါကျေးရွာအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်းသီးထပ်သီးနှံ နေကြာအပါအဝင် ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူစိုက်ခင်းအတွင်း သီးနှံများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုအခြေအနေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ရေတွင်းတူးပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် မိုးညှင်းမြို့ စိုက်ပျိုးရေးသုတေသနခြံ၌ ပဲပုတ်ပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသနှင့် ကိုက်ညီ သည့် ပဲပုပ်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနိုင်မှု၊ ဈေးကွက်အခြေအနေနှင့် လိုအပ်သည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။