ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တောင်နှင့် သီတာအေးဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး သွားရောက်တွေ့ဆုံအားပေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တော်ယာယီတိမ်းရှောင်စခန်းနှင့် သီတာအေးဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တော်ယာယီ တိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၁၀ တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စခန်းတာဝန်ခံက စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု များအနေဖြင့် စိတ်အားငယ်မှုမဖြစ်ကြဘဲ ပျော်ရွှင်စွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့…