
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား စက်တင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွား ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် စားပွဲတင် တင်းနစ်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်စားပွဲတင် တင်းနစ်အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေးအတွက်…