ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားရာတွင် သင်ကြားသင်ယူမှု လုပ်ငန်းများ အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

မြစ်ကြီးနား   မေ ၇          ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် Grade -12 ကျောင်းသား/ ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်းများ၌ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် မေ ၇ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်၌ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်သွားရောက်ခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခ ချုပ်များ၊ တာဝန်ရှိသူများက တက္ကသိုလ်ပင်မဆောင် အပါအဝင် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ‌ဇော်ပွဲသို့ တက်ရောက်

မြစ်ကြီးနား           မေ ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စတုတ္ထအကြိမ် အသံမစဲမမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးပုရဝုဏ်ရှိ အောင်ခြင်းရှစ်ပါးဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်သံဃနာယကအကျိုးဆောင်၊ ဝန်သိုလ်ကျောင်းတိုက်ပဋ္ဌာန နာယက ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ ဘာဏကသံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ မဟာပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားပင့်ဆောင်ခြင်းနှင့် ပဋ္ဌာန်းဒေသနာတော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန်နကဂါထာဖြင့် ပင့်ဖိတ်တော်မူကြသည်။ ထို့နောက် ဆရာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပဌာန်းဒေသနာရွတ်ဖတ်ရန်အတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ ယာယီခိုလှုံရာစခန်းမှ ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွား‌ရောက်တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များထောက်ပံ့

မြစ်ကြီးနား   မေ ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၃ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက် နယ်မြေ-၅ အတွင်းရှိ ဝါးဆားဒီကျေးရွာမှ ကိုယ်ပိုင်မြေကွက်များ ဝယ်ယူ၍ ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ခရစ်တော်၏အသင်းတော်ဘုရားကျောင်း၌ သွားရောက် တွေ့ဆုံအား‌ပေးသည်။ ထိုသို့ တွေ့ဆုံစဉ် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ ကိုယ်စားပြည်သူတစ်ဦးက ယာယီခိုလှုံရာစခန်းမှ တစ်ဆင့် ပမ္မတီး နယ်မြေ (၇)အတွင်း ရွှေ့ပြောင်းနေထိုင်ရေး မြေကွက်များဝယ်ယူ၍ နေအိမ်ဆောက်လုပ်ခဲ့သည့် အခြေ အနေများနှင့် နေအိမ်များအတွင်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွှေ့ပြောင်းနေထိုင်မည့်နေရာ၌လျှပ်စစ် မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ နမ္မတီးမြို့ရှိ နေရပ်စွန့်ခွာအိမ်ထောင်စုများအား ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များပေးအပ်ပြီး ယာယီနေအိမ်များ ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   မေ ၃          ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ ဝင်/ထွက် သွားလာရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၇)နာရီ က မြစ်ကြီးနားမြို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ဘေး၊ မေခပန်းဥယျာဉ်ရှေ့ရှိ ရေကြည်ချောင်းတစ်လျှောက် ဘေးဝဲ/ယာမြေကွက်လပ်များတွင် သန့် ရှင်းသပ်ရပ်ပြီး မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ စိုက်ပျိုး၍ အများပြည်သူအပန်းဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများစုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ စက်ယန္တရာများဖြင့် မြေယာပြုပြင်ခြင်း၊ ချောင်းရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလားတူအမှတ် (၁)တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)ဝင်းအတွင်း လူနာဆောင်ပတ်ဝန်းကျင်များရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စား‌မေးပွဲ ပြန်လည်ဖြေဆိုကြမည့် ပြည်နယ်အတွင်းရှိ Grade-12 ကျောင်းသား/ကျောင်းသူများအတွက် ဘာသာရပ်အလိုက် စနစ်တကျစုဖွဲ့၍ စခန်းသွင်း‌လေ့ကျင့် သင်ကြား‌ပေးမှုအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား မေ ၂ မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း (Grade-12) ကျောင်း သား/ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ခန်းစာများကို Face To Face  ပြန်လည် ဆွေးနွေးပို့ချခြင်းကို  မေ ၂ ရက် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်နေရာအသီးသီး၌ စနစ်တကျစုဖွဲ့ သင်ကြား‌ပေးလျက်ရှိသည်။ ထိုသို့ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့  ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်း‌ကျောင်း၊ အေးမြသီတာခန်းမ၌ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၈)ကျောင်းတို့မှ Grade-12 ကျောင်းသား/ ကျောင်းသူ (၉၉၇)ဦးတို့အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများ အတွက် တတိယအကြိမ် အလှူငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား မေ ၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် (၇)နာရီကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုမှာ ယခုနှစ် မှာဆိုလျှင် (၁၄၂.၆၇)ရာခိုင်နှုန်းထိ ဖူလုံမှုရှိပြီဖြစ်သော်လည်း စားဆီဖူလုံ‌ရေးအတွက် သီးထပ်စိုက် စွမ်းအားတိုးတက်မြင့်မားရေးကို (၅)နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်သီးထပ် ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးနိုင်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုလို ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး တောင်သူများ၏ မိုးစပါးနှင့်သီးထပ်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေးအတွက် အင်ဂျန်းချောင်းရှင်းလင်းတူးဖော်ပေးရေး၊ လယ်ရေဝပ် ဧရိယာများကူညီဆောင်ရွက်ပေးရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား   ‌မေ ၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန်အံတော် ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှ စတင်၍ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတအမှူးပြုသော ဆရာတော်မထေရ်မြတ်များထံမှ အလှူရှင်များနှင့်ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီ‌တော်ကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားတိုးဝက်နှင့်ကြက်မွေးမြူရေးခြံများအားကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   ဧပြီ ၃၀          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားဝက်နှင့် ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်း (ဇီးလွန်)ရပ်ကွက်အတွင်း ပိုင်ရှင် ဦးရွှေ၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက် ဝက်ကြီး၊ ဝက်ပေါက်ကောင်ရေ စုစုပေါင်းကောင်ရေ ၂၀၀ ခန့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်သို့ ပြန်လည်ရောင်းချနိုင်မှု အခြေအနေများ ကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်းမြေနေရာအပါအဝင် တိုးချဲ့ကွက်သစ်မြေဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာ တာနှင့် ရေတားတမံတည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဧပြီ ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါမော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်းပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့် ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် တိုးချဲ့ကွက်သစ်မြေနေရာအတွက် စက်ယန္တရားများဖြင့် မြေပြင်အခြေအနေအား ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအား Revision ပြန်လည်သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နန်းကွေ့ ကျေးရွာအုပ်စုအတွင်း ပုဂ္ဂလိကပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများအား ကြည့်ရှုအားပေး၊ စီတာပူရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်စစ်ဆေးခြင်းလုပ်ငန်းအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား   ဧပြီ ၂၈          မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေး ပို့ချဆောင်ရွက်လျက်ရှိသည်။           ထိုသို့ Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် ပင်မ ဆောင်၌ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း၊ ဒုတိ ယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက Virtual Zoom Meeting ကို အသုံးပြု၍ Online…

Read More