ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး မြို့နယ်အလိုက် နယ်မြေဒေသများပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၂၅           ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)မိသားစုများအား မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြန်လည်နေရာချထားပေးမည့် နယ်မြေ ဒေသ(မြို့နယ်အမည်)အား ပေးပို့နိုင်ရေးနှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ သာဘာရေးအသင်းအဖွဲ့များ၊  NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် (၁၀)နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ယာယီခိုလှုံရာစခန်းများတွင် (၁၀)စုနှစ်ကျော်နေထိုင်ခဲ့ကြသဖြင့် စခန်းများပိတ်သိမ်းနိုင်ရေး၊ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် ပုံမှန် လူနေမှုဘဝတွင် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ နှင့် ဘာသာရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၄)နှစ်ပြည့် ငွေရတုအကြို တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို သြဂုတ် ၂၄ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။           ရှေးဦးစွာ စာတမ်းဖတ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားတက္ကသိုလ် သည် ပညာသင်ယူဆည်းပူးရာ၊ အသိဉာဏ်ဗဟုသုတများကို ဖြန့်ဝေပေးရာ ဗဟိုချက်မ ပညာဘဏ် တိုက်တစ်ခုအဖြစ်ရပ်တည်၍ အသိပညာမျက်စိ အလင်းဖွင့်ပေးခဲ့သည်မှာ (၂၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် သုတေသနသည် တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အပြင် သုတေသနစာတမ်းဖတ်ပွဲတွင် ဆွေးနွေးမေးမြန်းကြခြင်းဖြင့် ရရှိလာသော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပြည်သူများ စက်ဆုံးဆီပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၂၄           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု မဖြစ်ပေါ်စေရေး၊ ပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများသို့ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မည့် မမှန်သတင်း၊ ကောလဟာလများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ် ပြီး တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ပြည်သူများ နေ့စဉ်လုပ်ငန်းများ ‌ဆောင် ရွက်ရန်အတွက် သွားလာလှုပ်ရှားရာတွင်လည်းကောင်း စက်သုံးဆီသည်…

Read More

ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)ဆက်လက်ကျင်းပ

မြစ်ကြီးနား     သြဂုတ် ၂၃           ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၏ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)ကို သြဂုတ် ၂၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင် ရာဌာနအလိုက် မူဝါဒ၊ ရည်မှန်းချက်များ၊ ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း စီမံကိန်းလုပ်ငန်း‌များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်တို့က သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား    သြဂုတ် ၂၂           ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် စုစုပေါင်း ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများအပြင် အမျိုးသမီး/ အမျိုးသား အကောင်းဆုံးဆုများကိုပါ ရယူခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် မရသေး သည့် အောင်မြင်မှုများကို ရရှိအောင်ကြိုးစားခြင်းထက် ရပြီးသားအောင်မြင်မှုများကို ထိန်းသိမ်းရခြင်း သည် ပိုမိုခက်ခဲ့သဖြင့် စံချိန်တင်ဆုတံဆိပ်များရယူ ဂုဏ်ဆောင်ထားသည့် ပြည်နယ်ဂျူဒိုအသင်းနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့်လည်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(ပထမနေ့)သို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၂၂           ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ကချင်ပြည်နယ် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပထမနေ့)ကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်န်က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ထပ်ဆင့်ရှင်းလင်းအမှာစကားပြောကြားသည်။           ယင်းသို့ ထပ်ဆင့်ရှင်းလင်းပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ထောင်စု(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး မှလမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ပြည်နယ်၏ စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုရည်မှန်းချက်ပန်းတိုင်ပြည့်မီရေး စီမံချက်ရေးဆွဲဆောင်ရွက်ထားသည့်အတိုင်း အောင်မြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်လူရွယ်များ အားကစား ကို ပိုမိုစိတ်ဝင်စားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူ တစ်ရပ်လုံး အားကစားကဏ္ဍတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် ကချင်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍကို ပိုမိုလှုပ်ရှားဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ တွင် တံခွန်စိုက်ဆုဖလားများနှင့် ဆုတံဆိပ်များကို ရယူနိုင်ခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့်…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကတ်ဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၁၉           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြ မည့် ပြည်နယ်လက်ရွေးစင်ဘတ်စကတ်ဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးမင်းက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင် ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားရေးအတွက် အစဉ် တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန်…

Read More

မြစ်ကြီးနား Community Centre ၌ ဒေသခံတိုင်းရင်းသားလူငယ်များ မိသားစုဝင်ငွေတိုးပွားရေး ဖွင့်လှစ်ပေးခဲ့သည့် အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်း သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား     သြဂုတ် ၁၉           ဒေသခံတိုင်းရင်းလူငယ်မောင်မယ်များ အသက်မွေးပညာများ တတ်ကျွမ်းလာစေပြီး မိသားစု ဝင်ငွေတိုးပွားလာစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အမျိုူသမီးအခြေခံစက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်းသင်တန်း ဆင်းပွဲကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြလုပ်သည်။           ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယခုလို ဒေသတွင်း လူငယ်မောင်မယ်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း နည်းပညာများ ဖြစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းနှင့် ပန်းအလှပြင် ပန်းအလှဆင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာဗဟုသုတဆည်းပူးနိုင်ရေး ဆောင် ရွက်ပေးခြင်းစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၉           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်သည့် တစ်သျှူးငှက်ပျောများကို နိုင်ငံ တကာအရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင် ရွက်မည့် လုပ်ငန်းများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းစစ်‌ဆေး၍ ခွင့်ပြုဆောင်ရွက်သွားရန်လိုကြောင်း သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။           ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့် ပြည် နယ်၏ စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ခွင့်ပြု ချက်တင်ပြလျှောက်ထားလာမှုများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျကွင်းဆင်းစစ် ဆေးပြီး ခွင့်ပြုပေးနိုင်ရေး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ…

Read More