မြစ်ကြီးနား Community Centre ၌ ဒေသခံတိုင်းရင်းသားလူငယ်များ မိသားစုဝင်ငွေတိုးပွားရေး ဖွင့်လှစ်ပေးခဲ့သည့် အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်း သင်တန်းဆင်းပွဲကျင်းပ

 မြစ်ကြီးနား Community Centre ၌ ဒေသခံတိုင်းရင်းသားလူငယ်များ မိသားစုဝင်ငွေတိုးပွားရေး ဖွင့်လှစ်ပေးခဲ့သည့် အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်း သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား     သြဂုတ် ၁၉

          ဒေသခံတိုင်းရင်းလူငယ်မောင်မယ်များ အသက်မွေးပညာများ တတ်ကျွမ်းလာစေပြီး မိသားစု ဝင်ငွေတိုးပွားလာစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အမျိုူသမီးအခြေခံစက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်းသင်တန်း ဆင်းပွဲကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြလုပ်သည်။

          ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယခုလို ဒေသတွင်း လူငယ်မောင်မယ်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း နည်းပညာများ ဖြစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းနှင့် ပန်းအလှပြင် ပန်းအလှဆင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာဗဟုသုတဆည်းပူးနိုင်ရေး ဆောင် ရွက်ပေးခြင်းစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက် သာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပေးလိုက်သည့် သက်မွေးပညာများကို ပိုမိုလေ့လာသင်ယူကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူထုအခြေပြုဗဟိုဌာန(Community Centre)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူ မသိမ့်ရည်မွန်ထက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စာရေး ဆရာအကြီးကိုကို(ကသာ)က သက်မွေးဝမ်းကျောင်းနည်းပညာများ သင်ကြားပေးခဲ့သော အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ်အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ သည်။

          အဆိုပါ  အသက်မွေးဝမ်းကျောင်းပညာများကို အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းမှ နည်းပြများက အခြေခံစက်ချုပ်နည်းသင်တန်းအတွက် သင်တန်းသူ (၂၀)ဦးတို့ဖြင့် တစ်လ ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပန်းအလှဆင်နည်းသင်တန်းကို သင်တန်းသူ (၃၀)ဦးတို့ဖြင့် တစ်ပတ်ကြားဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။