ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၅           ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက်အား ပေးချီးမြှင့်ခဲ့သည်။           မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးက ကျောင်းသူ/ကျောင်းသားများအား ယနေ့ မှစ၍ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူအသစ်များအနေဖြင့် အင်ဂျင်နီယာပညာရပ် ဖြင့် ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေလိုကြောင်း ၊ ထို့ကြောင့် မိမိတို့ သင်ကြားလျက်ရှိသည့် အင်ဂျင်နီယာပညာရပ်ကို အပတ်တကုပ်ကြိုးစားသင်ယူပြီး ထူးချွန်ထက်မြက်သော အင်ဂျင်နီယာကောင်းများ ဖြစ်‌လာအောင် ကြိုးစားကြရန်လိုကြောင်း တိုက် တွန်းအားပေးပြောကြားသည်။           ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက မောင်မယ်သစ်လွင်ကြိုဆိုပွဲ…

Read More

ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး သက်ကြီးများပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေး နိုင်ရေး သက်ကြီးများပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်း၍ ကူညီစောင့်ရှောက်သွားမည်ဖြစ် ကြောင်း သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လူမှုအားမာန်အဖွဲ့များအနေဖြင့် တက်ကြွစွာပါဝင်နိုင်သည့် သက်ကြီးများဦးဆောင်၍ အသက် ၅၅ နှစ်နှင့်အထက် သက်ကြီး (၇၀) ရာခိုင်နှုန်း၊ လူငယ်လူလတ်ပိုင်း ၃၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်းနှင့် မသန်စွမ်းသူများနှင့်အခြားထိခိုင်လွယ်သူများဖြင့် ပါဝင်ဖွဲ့စည်း၍ သက်ကြီးဘိုး/ဘွားများအတွက် ကျန်းမာရေးနှင့်ပြုစုစောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကြောင်း၊ လူမှု ဝန်ထမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း ကဏ္ဍ(၃)ရပ်ဖြင့် မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဇနီး ဦးဆောင်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးသင်စာသင် ကျောင်း နှင့် IDPs စခန်းသို့ အာဟာရနှင့်ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် နေရပ် စွန့်ခွာယာယီစခန်းနေပြည်သူများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို သြဂုတ် ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင် များ၊ ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်း တော်ကြီးကျောင်းသို့ သွားရောက်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင်ကြားနေ သော ကျောင်းသား/ ကျောင်းသူများအတွက် အာဟာရဖြစ် ကြက်ဥအလုံး ၃၀ ပါ ၂၅ ကဒ်၊ အိုင်အိုဒင်းဆား ၁…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ (၂)ထပ် စာသင်ဆောင်သစ်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ (၂)ထပ် စာသင်ဆောင်သစ်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို သြဂုတ် ၄ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်းဝင်းအတွင်းရှိ အဆောက်အအုံသစ်တည်ဆောက်မည့် နေရာ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဍကျော်ထင် ဦးတူးဂျာ၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကာ ကျောင်းဆောင်သစ်တည်ဆောက်သွားမည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကျောင်းအုပ်ကြီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။           အဆိုပါ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နှစ်(၅၀)ပြည့်ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် တိုးတက်မှုအခြေအနေများအား ဌာနဆိုင်ရာများနှင့် စိစစ်သုံးသပ်အတည်ပြုဆွေးနွေးပွဲသို့ တက်‌ရောက်

မြစ်ကြီးနား     သြဂုတ် ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ သြဂုတ် ၂ ရက် နံနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နှစ် (၅၀)ပြည့်ရွှေရတု တိုင်းနှစ်ပတ်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ပြည်နယ်အစိုးရအဖွဲ့၏ (၆)လပတ်ကာလ အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေများအား စိစစ်သုံးသပ်အတည်ပြုဆွေးနွေးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နှစ်(၅၀)ပြည့်ရွှေရတု တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့်အတူ  တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက တိုင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားခဲ့ကာ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့သည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၂           ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် (၃)လကြာ ကျင်းပပြုလုပ်ခဲ့သည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲ စဉ်နှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ အမှတ်ပေး ဖလားနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် Kachin Real နှင့် Junior Star ကလပ်အသင်း တို့မှ အုပ်ချုပ်သူ၊…

Read More

ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်သည့် မိုးမောက်- ကျောက်စခန်း-စိန်လုံ- လွယ်ဂျယ်လမ်း ဆောင်ရွက်ပြီးစိးရေးနှင့် ဗန်းမော်မြို့ဈေးများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဗန်းမော်         သြဂုတ် ၂           ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက လမ်းမကြီးဖြစ်သည့် မိုးမောက်- ကျောက်စခန်း- စိန်လုံ- လွယ်ဂျယ်လမ်း (၃၇)မိုင် (၄)ဖာလုံအား ဖော် လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် လမ်းဦးစီးဌာနတာဝန်ရှိသူများ၊ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် သြဂုတ် ၁ ရက်၊ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           ထို့သို့ တွေ့ဆုံရာတွင် လမ်းဖော်လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရ ရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း အရှိန်အဟုန်မပျက် စီးဆင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိုးမောက် –…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံဖြိုးတိုးတက်စေရေးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဗန်းမော်         သြဂုတ် ၁           ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၃၁ ရက်က  ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နံနက် ၈ နာရီတွင် ဗန်းမော်မြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် မံရေးကျေးရွာရှိ ကွင်းအမှတ်(၁၅၄) ဦးပိုင်အမှတ်(၄) တောင်သူ ဦးဇော်လင်းအောင်၏ လယ်၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၀)စက်မှုလယ်ယာစခန်း (ဗန်းမော်မြို့)က ကောက်စိုက်စက်ဖြင့် တောင်သူအသိပညာပေး မိုးစပါးသရုပ်ပြစိုက်ပျိူးပွဲသို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ဗန်းမော်         ဇူလိုင် ၃၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများ လုပ်ငန်းများ အရှိန်အဟုန်မပျက် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၃၀ ရက်က ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၇ နာရီက ဗန်းမော်မြို့ ဗလမင်းထင်ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် စိုက်ပျိုးသွားမည့် ရတနာတန်းဝင်ကျွန်းပင်၊ ခရေ၊ ပိတောက်၊ ရေတမာ၊ ပျဉ်းကတိုးပင် စုစုပေါင်းပျိုးပင် (၃၅၀)ပင်ကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများထံ ဖြန့်ဝေပေးအပ်ကြပြီး သတ်မှတ်နေရာ အသီးသီး၌…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

ဗန်းမော်         ဇူလိုင် ၃၀           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အခြေခံပညာသင်ကြားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပညာရေးအခြေခံကောင်းမွန်သည့် လူငယ်၊ လူရွယ်များ အစဉ်အလာမပျက် မွေးထုတ်ပေးနိုင်ရေး အတွက် ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်တွင် ပြည်နယ်အတွင်း ဗန်းမော်မြို့နယ်သည် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်သည့်အပြင် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ ကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့် အတွက်…

Read More