
ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်းပါဝင်သည့်မြေယာ/အဆောက်အဦ/သီးနှံများ အတွက် လျော်ကြေးငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
မြစ်ကြီးနား မေ ၂၁ ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦ/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေး ငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို မေ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့တစ်ဦးချင်းစီ သည် ကချင်ပြည်နယ်သူပြည်နယ်သားများဖြစ်ကြပြီး ပြည်နယ်၏အကျိုး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်သိစိတ်ဖြင့် ယခုလို လက်တွဲဆောင်ရွက်ကြသည့်အတွက် ပြည်နယ်သူ/ပြည်နယ်သား များအားလုံးကိုယ်စားကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ မြေယာ၊ အဆောက်အအုံအတွက် စိတ်မ ကောင်းဖြစ်မိကြမည်ဖြစ်သော်လည်း ပြည်နယ်အကျိုး၊ အများအကျိုးအတွက် သဘောထားပြည့်ဝစွာ…