ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေသော ကျောင်းသား/သူများအတွက် စားသောက်စရိတ်များထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေသော ကျောင်းသား/သူများအတွက် စားသောက်စရိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မေ ၁၅

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၅ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီး နားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ‌ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူများအား နေထိုင်စား သောက်မှု အဆင်ပြေစေရေး စားသောက်စရိတ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာ၊ မလိခကျေးရွာခန်းမဆောင်၌ နောင်နန်းကျေးရွာအုပ်စု အတွင်းရှိ ‌ကျေးရွာများမှပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိနိုင်ငံရေး အခြေအနေမှန်ကို သိရှိနားလည်လက်ခံပြီး မိမိတို့ကျေးရွာများတည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဖွံ့ဖြိုး ရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးအတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကို အတည်ပြုကြေညာထား ပြီးဖြစ်ပါကြောင်း၊ ထို့အပြင်မကြာမီကာလအတွင်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှင့် မိမိတို့၏ သားသမီးများ၏ အနာဂတ်အတွက် မဖြစ်မနေပညာသင်ကြားနိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့ကောင်စီအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းလက်တွဲပြီး အတတ်နိုင်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များ နှင့် ပံ့ပိုးကူညီပေးနိုင်သည်တို့ကို ပြည်သူများထံ အသီးသီးမိတ်ဆက်ရှင်းလင်းခဲ့ကြပြီး ကျေးရွာနေ ပြည်သူများမှ ကျေးရွာတွင်းလမ်းများ ခင်းကျင်းပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေအခက် အခဲများနှင့် ကျေးရွာပိုင်မြေဧရိယာတိုးချဲ့ရေးတို့ကို တင်ပြတောင်းဆိုကြရာ ပြည်နယ်အဆင့်ဌာနဆိုင် ရာများက ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘာသာရေးအသင်း အဖွဲ့များအတွက် လှူဒါန်းငွေကျပ် (၂)သိန်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် မတည်ထောက်ပံ့ငွေကျပ် (၂၀၀၀၀၀)နှင့် ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်(၂)သိန်းတို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္က သိုလ်၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံပြီး တက္ကသိုလ်တွင် တက်ရောက်ပညာသင် ကြားနေကြသော ‌အဆောင်နေကျောင်းသား/ကျောင်းသူ (၇၀)ဦးတို့အတွက် ရက်ပေါင်း(၄၈)ရက်စာ နံနက်စာ ကုန်ကျစရိတ်ထောက်ပံ့ငွေကျပ် (၁၁၇၆၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၃၅)ဦးတို့ကို နေ့လည်စာဒံပေါက်ကျွေးမွေးခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌လည်း ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူ တာတက္ကသိုလ်တို့မှ  တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား/ကျောင်းသူများကို ရင်းရင်း နှီးနှီးတွေ့ဆုံ အားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာဒံပေါက်ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ အဆောင်နေ ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးတို့အား ရက်ပေါင်း(၄၈)ရက်စာအတွက် နံနက်စာ ကုန်ကျစရိတ်ထောက်ပံ့ငွေကျပ် (၂၀၁၆၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။