ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     မေ ၁၃

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၃ ရက်မှ စတင်၍ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပလျက်ရှိရာ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်ဘောလုံး အသင်းနှင့် ပူတာအိုခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

          ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက တစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြစ်ကြီးနားခရိုင်အသင်းက (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒိုင်အဖွဲ့အား ဂုဏ်ပြုဆွဲပြားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပွဲစဉ်အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီ၊ ပြည်နယ်လက်ရွေးစင်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရ အားကစားသမားနှင့် နေရာအလိုက် နောက် တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့်ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဆုတံဆိပ်၊ လည်ဆွဲနှင့် ချီးမြှင့်ငွေများနှင့် ပူးတွဲတတိယဆုရ ဗန်းမော်ခရိုင်အသင်း၊ မိုးညှင်းခရိုင်အသင်းတို့အား လည်ဆွဲနှင့် ချီးမြှင့်ငွေကျပ် (၅)သိန်းစီ၊ ဒုတိယဆုရပူတာအိုခရိုင်အသင်းအား ဆုတံဆိပ်နှင့် ချီးမြှင့် ငွေကျပ် (၁၀)သိန်းကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားခရိုင်ဘောလုံးအသင်းအား ဒုတိယတိုင်းမှူးက ဆုချီးမြှင့်ငွေကျပ်(၁၅) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပထမဆုရ မြစ်ကြီးနားခရိုင်အသင်းအတွက် ဒိုင်းဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအုပ်ချုပ်သူတို့ ထံပေးအပ်ချီးမြှင့်ခဲ့သည်။