မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ကျင်းပပြုလုပ်၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ အသိပညာပေးပြသ
မြစ်ကြီးနား မတ် ၁၃ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ ဆောင်ပုဒ်ဖြင့်၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနကကြီးမှူး၍ မတ် ၁၃ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့တင် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအခွင့် အရေးကာကွယ်သည့် လုပ်ငန်းသည် လူတန်းစားအလွှာအသီးသီးနှင့် သက်ဆိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ…