ဝိုင်းမော်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်နေမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်
မြစ်ကြီးနား အောက်တိုဘာ ၂ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလုပ် ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အောက်တိုဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ နံနက် ၈ နာရီတွင် ကိုဗစ်Read More