ဝိုင်းမော်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်နေမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

 ဝိုင်းမော်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်နေမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၂

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလုပ် ငန်းမြှင့်တင်‌ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အောက်တိုဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ ရေစင်ဈေး၊ မြို့မဈေးအမှတ် (၁)နှင့် အမှတ် (၂)တို့တွင် ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်းသွား/ လမ်းလာ ပြည်သူများအား နှာခေါင်းစီး Mask များ ဖြန့်ဝေပေးအပ်ခြင်းနှင့် ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ ကျန်းမာရေးအတွက် လူတိုင်းပါဝင်နိုင်သော Fistness Dane အကအဖွဲ့ ၏လေ့ကျင့်ကပြမှုများဖြင့် ဆောင်ရွက်ခဲ့ကြကာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအတွက် ထောက်ပံ့ ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့်မိုင်းနားကျေးရွာ အုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး တောင်သူ များအနေဖြင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း တည်ထောင်ဖွဲ့စည်းပြီး ဖြစ်သည့် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေး အတွက် တောင်သူများ၏ အခက်အခဲ၊လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပြီး အပြည့်အဝပံ့ပိုးကူညီ ပေးနိုင်တော့မည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်၊ စိုက်ပျိုးရေလုံလောက်ဖူလုံ စွာရရှိရေး၊ စိုက်စရိတ်ချေးငွေရရှိရေး၊ စိုက်ခင်းများ၌ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်းတံတား များ ဆောင်ရွက်ပေးရေး စသည့် လိုအပ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အသင်းအတွက် မတည် ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တောင်သူများ၏ စိုက်ခင်းအတွင်း ဟင်းသီးဟင်းရွက် သီးပင်စားပင်များ စိုက် ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နန့််မြစ်ခချောင်းဘေးတစ်လျှောက် သီးနှံပင်များစိုက်ပျိုးရန် ထွန်ယက် စိုက်ပျိုးနေမှု အခြေအနေများနှင့် လဝမ်ကထောင်ကျေးရွာမှ တောင်သူများ၏ လိုအပ်လျက်ရှိသည့် ကုန်ထုတ်လမ်းနှင့် တံတား ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေရရှိရေး၊ကုန်ထုတ်လမ်းတံတား များပြုပြင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား မြေပြင်အခြေအနေကို ကွင်းဆင်း တိုင်းတာစစ်ဆေး၍ အမြန်ဆုံးတင်ပြသွားရေး မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလာရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်၏ ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်မှုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည် နယ်၏ ခရီးသွားလုပ်ငန်းမြင့်တင်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အကောင်အ ထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများ၊ ဒေသတွင်း ထူးခြားထင်ရှားသည့် ဧရာဝတီမြစ်ဆုံ၊ ရေခဲတောင် စသည့် အထင်ကရနေရာများကို ခရီးသွားလာသူများ စိတ်ဝင်စားမှုမြင့်တက်လာစေရေး မီဒီယာ များတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပါရှိနိုင်ရေး၊ ရေခဲတောင်ခရီးစဉ်များဖြစ်သည့် ပူတာအိုဒေသ၊ ပန်ဝါဒေသ၊ ခေါင်လန်ဖူးဒေသခရီးစဉ်များ အပါအဝင် အထင်ကရနေရာများကို ကိုဗစ်-၁၉ ကာလ အလွန် ခရီးသွားကဏ္ဍမြင့်တက်လာစေရေး မဟာဗျူဟာစီမံကိန်းများအဖြစ် ကြိုတင်ရေးဆွဲထား ရှိရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများအဆက်မပြတ် ပို့ချပေးနိုင်ရေး၊ ဟိုတယ်များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။