မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများအသီးသီမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများအသီးသီမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၁

          ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ ကျေးရွာ အုပ်စုများမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

          ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုသည် မြို့ပြများတွင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်လာခဲ့ပြီး ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာ များရှိ ပရဟိတလူမှုရေးအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ကြိုးစားရုန်း ကန်ဆောင်ရွက်နေကြသည်ကို ဝမ်းမြောက်ဂုဏ်ယူမှတ်တမ်းတင်ရှိသလို လိုအပ်သည့် ပံ့ပိုးကူညီ မှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများက ကျေးရွာများအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြကြပြီး ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဘွမ်ယွမ်က ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီပေးမှုဖြင့် သုံးရက် ကြာနယ်လှည့်ဆေးဝါးကုသရေးခရီးစဉ်အတွင်း မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ နမ္မတီးမြို့များအပါအဝင် နန့်မွန်း၊  နမ္မား၊ လယ်မှီး၊ ပင်းဘော၊ နမ္မန၊ တောင်နီနှင့် ဆားမှော်ကျေးရွာများ၌ ပရဟိတလူမှုရေးအဖွဲ့များနှင့် မြေပြင်တွင် တွေ့ရှိရသည့်အခြေအနေများ ကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ ပေးဆပ်သူလူမှုကူညီရေးအသင်းမှ ပေါင်းစပ်ဆောင်ရွက်ပေးနိုင် သည့်ကိစ္စရပ်များနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင် ရွက်နေကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များက နယ်မြေတွင်ကြုံတွေ့ရသည့် လိုအပ်ချက်များ ကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများတွင် ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်ရေး၊ မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေ ကြသည့် အသင်းအဖွဲ့များအား ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် ဖောင်ဒေးရှင်းအဖွဲ့အနေဖြင့် ဒုတိယ အကြိမ် နယ်လှည့်ကွင်းဆင်းပြီး ဆေးဝါးကုသရေးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကာကွယ်ရေး သုံးပစ္စည်းများ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။