ဧရာဝတီမြစ်ကူးတံတားအမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် မြေယာပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် အပြီးသတ်လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပြည်နယ်အား/ကာသိပ္ပံကျောင်း မြေနေရာရရှိရေး၊ အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

 ဧရာဝတီမြစ်ကူးတံတားအမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် မြေယာပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် အပြီးသတ်လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပြည်နယ်အား/ကာသိပ္ပံကျောင်း မြေနေရာရရှိရေး၊ အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီ မြစ်ကူးတံတား အမှတ် (၂) တံတားစီမံကိန်း ဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်း သည့် မြေယာပိုင်ရှင်များအား ဒုတိယအရစ် အပြီးသတ် လျော်ကြေးငွေပေးအပ်ခြင်းနှင့် အားကစား နှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာသတ်မှတ်နိုင်ရေး၊ အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင် နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အောက်တိုဘာ ၁ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။

          ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီမြစ်ကူးတံတား အမှတ် (၂) စီမံကိန်း ဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်များအား လျော်ကြေးငွေ ကို ၂၀၂၁ ခုနှစ် မေလတွင် ပထအရစ်အဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ ညနေပိုင်းတွင် ဒုတိယ အရစ်အဖြစ် လျော်ကြေး ငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က တံတားစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် မြေဧရိယာစုစုပေါင်း (၀.၆၈၁)ဧက အပါအဝင် အဆောက်အဦများ၊ ရေ တွင်းနှင့်သီးနှံလျော်ကြေးများအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ်(၅၆၉၅၇၅၀၀၀)အနက် ငွေကျပ် (၂၈၃၇၈၈၀၀၀)ကို ပထမအရစ်အဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ဒုတိယအရစ်အဖြစ် ကျန်ရှိသည့် လျော် ကြေးငွေကျပ်စုစုပေါင်း (၂၈၃၇၈၈၀၀၀)ကို မြေယာပိုင်ရှင် (၈)ဦးတို့အား တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု တန်ဖိုးအတိုင်းပေးအပ်ခဲ့ရာ မြေယာပိုင်ရှင်များမှပိုင်ဆိုင်စာချုပ်စာတမ်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

အလားတူ နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖြစ်မြောက်ရေးကော်မတီ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး လျာထားမြေနေရာနှင့် ပတ်သက်၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၏ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ လျာထားမြေဧရိယာအတွင်း ဥယျာဉ်ခြံမြေစိုက်ပျိုး သူတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြေယာနှင့်သီးနှံလျော် ကြေးပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေယာကိစ္စရပ် များနှင့် ပတ်သက်၍ အား/ကာသိပ္ပံကျောင်းမြေနေရာအပြင် ပြည်နယ်ဖွံ့ဖြိုးရေး ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်သွားရေး၊ လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် မလိခခန်းမ၌ အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ကော်မတီနာယက၊ ပြည် နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအား ဘိလပ်မြေစက်ရုံ အမြန်ဆုံးတည်ဆောက်‌သွားနိုင်ရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှု များကိုသာ အပြည့်အဝ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး မိမိတို့ တိုင်းရင်းသားလုပ်ငန်းရှင်များက ဦးစီး၍ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး စက်ရုံဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေးမှာကြားသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များနှင့်အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေးအတွက် ကော်မတီမှ အများပိုင်ကုမ္ပဏီတည်ထောင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည့်အစီအစဉ်များ၊ကုမ္ပဏီမှတ်ပုံတင်ရရှိရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ခွင့်ပြုချက်ရယူရန်ကိစ္စရပ်များ၊ စက်ရုံတည်ဆောက်‌ရေးအတွက် လိုအပ်သည့် ကနဦး စစ်ဆေး စမ်းသပ်မှုများနှင့် ကုန်ကြမ်းရှာဖွေတင်သွင်းခွင့်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။