ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူးပေါင်းကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူး ပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင် ပြည်နယ်အတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြသည့် ညီအကိုများအချင်းချင်း ပိုမိုချစ်ခင်လေးစား ပြီး စည်းလုံးညီညွတ်မှုရှိစေရေး၊ ဘောလုံး အားကစားနည်းအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ပြီး ပြည်နယ်ဂုဏ်ကို ဘောလုံးအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး စသည့် ကောင်းမွန်ပြည့်ဝသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် သည့်အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ‌မြစ်ကြီးနားမြို့၌ (၉)ရက်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ဗုဒ္ဓဒေသနာတော် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲ၊ သူနာပြု-သားဖွား သင်တန်းကျောင်းနှင့် ပညာရေးဒီဂရီကောလိပ် သင်တန်းသား/သင်တန်းသူများအား ဆန်ရိက္ခာများ ချီးမြှင့်ပေးအပ်၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် သွားရောက် ပါဝင်ဖျော်ဖြေကြမည့် ပြည်နယ်အကအဖွဲ့အား ကြည့်ရှုအားပေးချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇန်နဝါရီ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ဗုဒ္ဓဒေသနာတော် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးစီး ခြင်း အလှူရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊  မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒဝရာဘိဝံသအမှူးပြုသော နာယက၊ ဘာဏကဆရာတော် (၁၅)ပါးတို့ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်သည်။  ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ဥပ္ပါတသန္တိပရိတ်တော်များနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ ဆွေးနွေးဆောင်ရွက်၊ အော်လေလေ ရေသန့်စက်ရုံအား ကြည့်ရှုစစ်ဆေး၊ တရုတ်နှစ်သစ်ကူးပွဲအား တက်ရောက်အားပေး

မြစ်ကြီးနား ဇန်နဝါရီ ၃၀ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေ စံချိန်တင် မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ဖြင့် မြို့ဧရိယာ (၄၀)ရာခိုင်နှုန်းအထိ ရေကြီး နစ်မြှုပ်ခဲ့သောကြောင့် ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။အဆိုပါ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း မြစ်ရေကြီးမြင့်မှုဖြစ် စဉ်ကြောင့် မြို့ဧရိယာများတွင် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး မြင့်မားခဲ့ပါကြောင်း၊ နောက်တစ်ကြိမ် မြစ်ရေကြီးမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါက ပိုမိုဆုံးရှုံးနိုင်ခြေရှိသဖြင့် မြို့ မြစ်ရေဝင်…

Read More

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတနားလည်သိရှိမှုအား လေ့လာဆန်းစစ်

မြစ်ကြီးနား ဇန်နဝါရီ ၃၀ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ခြင်းအခမ်း အနားကိုမြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မနောရွှေပြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။အခမ်းအနားသို့ ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ‌ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၏ဇနီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက် အားပေးခဲ့ကြပြီး၊ ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားတတ်သည့် ဖြစ်စဉ်များ၊ ရောဂါအကြောင်းသိကောင်းစရာများ ဆန်းစစ်ချက် မေးခွန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ထို့နောက် ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယကဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက ပြည်နယ်/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာများ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဒေသတွင်းအသားစားသုံးမှု ဖူလုံပိုလျှံစေ‌ရေး ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၂၉ ရက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်ပေးပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။  ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာ စီမံကိန်းလုပ်ငန်းများ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ အုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်မှုဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော ပိုင်ရှင် ဦးဆင်ဝါးနော်၏ ခြံ၌ ကြက်ခြံ (၂)ခြံ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ရှိ တိလောကမုနိစိန်ရတနာစေတီ တော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော်အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခဲ့

မြစ်ကြီးနားမြို့ ဇန်နဝါရီလ ၂၈ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မာရိပ်သာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသည့် တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော် အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ပြီး ရဟန်း၊ သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။        ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင် စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူး၏ ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များက စေတီတော် ပုရဝုဏ်၌လည်းကောင်း၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက စေတီတော်မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းဝင်းအထိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းသဲသောင်ပေါ်တွင် ဆီထွက်သီးနှံနေကြာအပါအဝင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေး

 မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ဧရာဝတီမြစ်အတွင်းရှိ နောင်တာလောရေလယ်ကျွန်းပေါရှိ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဒေါင့် ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် နောင်တာလောရေလယ်ကျွန်းသို့ သွား ရောက်ခဲ့ကြပြီး ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာစိုက်ခင်းအတွက် ဆိုလာမြစ်‌ရေတင်စနစ်ဖြင့် စိုက်ပျိုး ဆောင်ရွက်ထားသည့် နေကြာစိုက်ခင်းအတွင်း နေကြာပန်းများဖြင့် ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဲသောင်ပေါ်တွင် ဖရဲသီး၊ ဖရုံသီးနှင့် ဘူးသီးပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လဝမ်ကထောင်နှင့် ဟိုလော်ကျေးရွာများ ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ အောင်နန်းဂျာမေ့ဗလီ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့ ရေဝင်ရောက်မှုနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါကျေးရွာများ မြစ်ရေတိုက်စားမှုမှကာကွယ်နိုင်ရေး ကျောက်စီကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ဒေသခံများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းဆုံ ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏အမြန်ရေယာဉ်များဖြင့် လုပ်ငန်း စီမံကိန်း တည်ဆောက်ရာနေရာသို့သွားရောက်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းစီမံကိန်းနေရာရှိ ကမ်းပါးပြိုကျခဲ့သည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊…

Read More

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၁           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းမှ သိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်နေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ မနောပွဲကျင်းပရေးဆပ်ကော်မတီ၊ ပြခန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ပင်မအဆောင်ရှေ့မျက်ခင်းပြင်၌ ကျင်းပပြုလုပ်နိုင်ရေး မနောတိုင်၊ မနောကွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ပွဲတော်သို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့ အားကစားကွင်း အထူးတန်းပွဲကြည့်ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ရုံးကြီးလမ်းမအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယ ကြံ့ခိုင်မှု အတွဲ…

Read More