ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနား၊ မဲပေးစက်ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်
မြစ်ကြီးနား ဇွန် ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ရေကြီးမြင့်မှုကြောင့် ကာကွယ်ရေးလုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက ရေဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်အတွင်း ဧရာဝတီမြစ်ဆိပ်ရှိ မီးသတ်ဦးစီးဌာန၏ ရေကင်းကြည့်စခန်း (ကချင်စု)ရုံး၌ ကျင်းပသည့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် နှစ်စဉ်နှစ်တိုင်း ရေဘေးအန္တရာယ်၊ ရေကြီး/ရေလျှံမှု ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိသဖြင့် ယခုလို ကြိုတင်ပြင်ဆင်စုဖွဲ့ပြီး ဇာတ်တိုက်လေ့ကျင်ဆောင်ရွက်ထားရခြင်းဖြင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်…