ကချင်ပြည်နယ်ဝန်ကြီးချုပ် မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ဒုတိယအကြိမ် ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ဆေးဝါးနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပါရှိလာမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မေ ၃၁ မန္တလေး-မြစ်ကြီးနားဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ပေးပို့ခဲ့သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္ဏည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဒုတိယအကြိမ် အဖြစ် ကချင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ ထို့သို့ မော်တော်ယာဉ်များ ရောက်ရှိလာမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များ ပို့ဆောင်ပေးမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့…