
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေရပ်ပြန်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည်နေထိုင်လျက်ရှိ သောပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်
မြစ်ကြီးနား မတ် ၂၀ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏ နေရပ်နန်ဆန်ယန်ကျေးရွာ၌ ပြန်လည်အခြေချနေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ပွဲကို မတ် ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံချုပ်အုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ် အတွင်းရှိ IDPs စခန်းမှ နေရပ်စွန့်ခွာပြည်သူများအား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်အခြေချနေ ထိုင်နိုင်ရေးသည် စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ IDPs…