ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူများ၏ ကချင်နှင့်ရှမ်း တိုင်းရင်းသားရိုးရာ ဝတ်စုံများဖြင့် ဖက်ရှင်ပြိုင်ပွဲကျင်းပပြုလုပ်မှုအား တက်ရောက်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို ရိုးရာမပျက် ဆန်းသစ် တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင် (Fashion) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား သည်။           ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်အနေဖြင့် အားကစားလှုပ်ရှားမှု၊ ဟောပြောပွဲများအပြင် တက္ကသိုလ်၏ အနှစ်သာရကို သိရှိနားလည်သဘောပေါက်စေရန်၊ တနည်း အားဖြင့် တက္ကသိုလ်ဆိုသည်မှာ ပညာသင်ယူခြင်းတစ်ခုထဲမဟုတ်ဘဲ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း အသစ်တွေရှာရင်း၊ အားကစားလှုပ်ရှားမှု၊ လူမှုရေးလှုပ်ရှားမှုစသည့်…

Read More

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ရှိ ဆေးရုံများတွင် အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၀           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ (ကုတင် ၃၀၀)သို့ ‌ဖေဖော်ဝါရီ ၂၀ ရက် နံနက် (၉)နာရီခွဲက သွားရောက်၍ ဆေးကုသမှုခံယူနေသူများအား  အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ‌ပေးအပ်ခဲ့ကြသည်။           ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၊တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)ဆေးရုံအုပ်ကြီး၊ တို့နှင့်အတူ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ဒေသခံပြည်သူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု ၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းကာ အားပေးစကား ပြောကြားပြီး လူနာ (၁၄၄)ဦးတို့အား အာဟာရပြည့်စားသောက်ဖွယ်ရာများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ကောက်ယူခဲ့သည့် စာရင်းများအား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၀           ကချင်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ကောက်ယူခဲ့ သည့် စာရင်များအား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ခရိုင်/မြို့နယ်ကြီးကြပ် မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့များ အနေဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူခဲ့ရာ e-ID အိမ်ထောင်စု (၃၁၄၃၃၉)စုအနက် (၂၅၄၄၂၀)စုအား ကောက်ယူနိုင်ခဲ့သဖြင့် ကောက်ယူမှုရာခိုင်နှုန်းအားဖြင့် (၈၀.၈၈)ရာနှုန်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း ထို့အပြင် မသန်စွမ်း (၅)မျိုး လူဦးရေစာရင်းကိုပါ တစ်ပါတည်းကောက်ယူခဲ့ရာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေး၊ နန့်လှိုင်ခေတ်မီစံပြကျေးရွာ Smart Village စီမံကိန်းကျေးရွာလူထုများနှင့် တွေ့ဆုံ၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၈           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက မိုးညှင်း တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အား ပေးခဲ့ကြသည်။           မိုးညှင်းတက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘွဲ့ရလူငယ်မောင်မယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။           ဘွဲ့နှင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပါမောက္ခချုပ်နှင့်အတူ စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုးညှင်း          ဖေဖော်ဝါရီ ၁၇           ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင် အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံ သို့သွားရောက်ပြီး ဆရာတော်ဦးစန္ဒော ဦးဆောင်၍ ကျောက်ကပ်ဆေးလူနာများအား ကျောက်ကပ် ဆေးစက်ဖြင့်  ကုသပေးနေမှုအခြေအနေနှင့် လူနာလက်ခံကုသနိုင်မှုအခြေအနေများကို မေးမြန်း လျှောက်ထားတင်ပြပြီး ကျောက်ကပ်ဆေးလူနာအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ပြီး ကျောက်ကပ်ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ဆရာတော်ထံ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲ ကွန်ကရစ်လမ်းသစ်၊ မိုးညှင်းတက္ကသိုလ် မုဒ်ဦးနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာတို့အားဖွင့်လှစ်ပေး ပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရေး ပေါင်းစပ်ညှိနှိုင်းဆွေး

မိုးညှင်း          ဖေဖော်ဝါရီ ၁၆           ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ကို ဖွင့်လှစ်ပေးကြသည်။           ရှေးဦးစွာ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာနှင့် ပင်းဟဲအုပ်စု တဲကြီးကုန်းကျေးရွာသို့ ဆက်သွယ်ထားသော အရှည် ၂ မိုင်၊ အကျယ် ၁၆ ပေ ကွန်ကရစ်လမ်းသစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဦးက ရှင်းလင်းတင်ပြပြီး ကွန်ကရစ်လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

မိုးညှင်း          ဖေဖော်ဝါရီ ၁၄           ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးအား ဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင် ရွက်သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာအတွင်းရှိ KEP ရုံးဝင်းအတွင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်ပွဲသို့ တက်ရောက်ပြီး ကော်…

Read More

မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄           မြစ်ကြီးနားတက္ကသိုလ်ရှိ ကျောင်းသား/သူများအား စာပေပညာရပ်တွင်သာမက ဘက်စုံ ထူးချွန်သူများဖြစ်စေရန်နှင့် အဆိုဝါသနာရှင်များအား ထူးချွန်သော အဆိုပညာရှင်များအဖြစ် မွေးထုတ်‌ပေးနိုင်ရေး တက္ကသိုလ်၏ အနုပညာလှုပ်ရှားမှုအစီအစဥ်တစ်ရပ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉နာရီ အချိန်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးသည်။           ရှေးဦးစွာ သီချင်းဆိုပြိုင်ပွဲကော်မတီဝင် ပါမောက္ခ၊ ဆရာ/ဆရာမ များက မြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ယင်းနောက် ပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီး…

Read More

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည် ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ခရိုင်/ မြို့နယ်များအလိုက်စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာရေးအတွက် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် ရင်းနှီးမတည် ဆောင်ရွက်ပေး လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊  ထပ်မံရင်းနှီးမတည်ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်  ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ သုံးသပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။            ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းစုလုပ်ငန်းများနှင့် MSME  လုပ်ငန်းများအတွက် တောင်သူများထံ ရန်ပုံငွေများ မတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ရိုးရာမနောအက၊ ယဉ်ကျေးမှု ပဒေသာကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂           (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက၊ ယဉ်ကျေးမှုပဒေသာအကဖျော်ဖြေပွဲတို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။           ထို့နောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ…

Read More