ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများသို့ တက်ရောက်အားပေးချီးမြှင့်၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတက်နေ့အား ရိုးရာအစဉ် အလာနှင့်အညီအေးချမ်းစွာကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီ ၁၇ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁)ရက်နေ့တွင် နှစ်စဉ်မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်သည့် ကုသိုလ်ကောင်းမှုပြုသည့်အခမ်းအနားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ကန်တော့ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်‌မှုစောင့်‌ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဝတ်အသင်းအဖွဲ့များနှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းကောင်ရေ (၂)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၁) သိန်းတို့အား ဇီဝိတဒါနအဖြစ် ဆုတောင်းမေတ္တာပို့သ၍ လွှတ်ပေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း နေရပ်စွန့်ခွာပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီအမိုးအကာဖြင့်နေထိုင်နိုင်ရေး နေအိမ်များ ဆောက်လုပ်ပေးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာလာခဲ့ကြသော ပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် (၈) နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံချုပ်) ပိုင် မြေဧရိယာ၌ နေအိမ်များဆောက်လုပ်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)၊ ကွင်းအမှတ် (၄) ရောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၅၉ ဒဿမ ၅၆) အတွင်းရှိ (၃ ဒဿမ ၅၀) ဧကပေါ်၌ ချီဖွေမြို့နယ်မှ ဝန်ထမ်းများအား ယာယီနေအိမ်များဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး မြေနေရာအားကွင်းဆင်းစစ်ဆေးခဲ့ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် တရုတ်ယွမ်ငွေ ၄၅၁၄၇၁ တန်ဖိုးရှိ စားသောက်ကုန်လာရောက်လှူဒါန်းမှုကို လက်ခံရယူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် တတိယအကြိမ်အဖြစ် ငွေကျပ် (၄၈၈.၂၇၃၉)သန်းလှူဒါန်း၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီးပွားဖြစ်ထွန်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသော ဝက်နှင့်ကြက်မွေးမြူ ရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၅ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ တရုတ်ယွမ် (၄၅၁၄၇၁) တန်ဖိုးရှိ စားသောက်ကုန်များ မော်‌တော်ယာဉ်(၄)စီးဖြင့် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။ ထိုသို့ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ် (၄)စီးဖြင့် ပေးပို့လှူဒါန်းလာသည့် စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမရှေ့၌ လာရောက်ပို့ဆောင်ခဲ့ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကုန်ပစ္စည်းများအား ကူညီသယ်ယူပေးမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကချင် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ပစ္စည်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကူညီသယ်ယူပေးကြသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။ ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆမားဒူဝါဆင်ဝါး‌နော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းပီသစွာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ကြိုဆိုသောအားဖြင့် ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းစွာကျင်းပပြုလုပ်၊ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၄ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ၁၃၈၆ ခုနှစ်၊ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းသောသင်္ကြန်ပွဲတော်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းမိသားစုများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ဧပြီ ၁၄ ရက် (မြန်မာ့ရိုးရာသင်္ကြန်အကျနေ့) နံနက် ၉ နာရီက မဟာသင်္ကြန်အား ကြိုဆိုသောအားဖြင့် ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြီး အေးချမ်းစွာကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အတာရေသဘင်ပွဲတော်ကို နှစ်ဟောင်းမှ အညစ်အကြေးမှန်သမျှနှင့်အတူ ကိုယ်ရောစိတ်ပါ သန့်ရှင်းစင်ကြယ်စေရန် တစ်ဦးနှင့်တစ်ဦးမေတ္တာဖြင့် အပြန်အလှန်ရေစင်ပက်ဖျန်းကြသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနှစ်သစ်ကူးအခါသမယတွင်လည်း ဘုရား၊ ရုပ်ပွားတော်များကို ရေစင်သွန်းခြင်း၊ သက်ကြီးဘိုးဘွားများကို ရေချိုးသန့်စင်ပေးခြင်း၊ ဇီဝိတဒါန၊ အလှူဒါန၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့၊ ဆွတ်ငိုင်တောင် ယာယီခိုလှုံရာစခန်းမှ ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့် အခြေခံစားသောက်ကုန်များထောက်ပံ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား ဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဧပြီ ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဧပြီ ၁၂ ရက် နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း လေယာဉ်ပြေးလမ်းဘေး မြေဧရိယာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် စိမ်းလန်းအဖွဲ့များနှင့်အတူ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် လေဆိပ်အဆောက်အအုံရှေ့တို့ရှိ ပန်းခြံများတွင် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ အကိုင်းချိုင်ပေးခြင်း၊ မြေသြဇာထည့်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးဘေး ပမ္မတီးရပ်ကွက် ရေကြည်အပိုင်းရှိ လှပ်မြေဧရိယာဖြစ်ပေါ်နေသော လယ်မြေစုစုပေါင်း (၁၅)ဧကများအား ကြည့် ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စနစ်တကျ လယ်မြေပြန်လည်ထုတ်ဖော်၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ငလျင်ဘေးသင့် မန္တလေးတိုင်းဒေသကြီးသို့ တပ်မတော်လေယာဉ်ဖြင့် သွေးအိတ်များပို့ဆောင်

မြစ်ကြီးနား ဧပြီ ၁၂ မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် ၉ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရုံး အလှူငွေများပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းပေးကြသော ရဟန်း/သံဃာ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ နန်းကွေ့ရပ်ကွက်၊ နယ်မြေ(၆) မနောမြေပညာရေးစင်တာမှ ဦးပဉ္ဇင်းနှင့် ကျောင်းသား/ကျောင်သူများက အလှူငွေကျပ်သိန်း ၁၀၀ နှင့် ပေးဆပ်သူ အခမဲ့လူမှုကူညီရေးအသင်းမှ လှူဒါန်းငွေကျပ်သိန်း ၅၀ နှင့် မြစ်ကြီးနားညီအစ်ကိုများ ဂေါက်သီးရိုက်အသင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲနှင့် မဟာပဋ္ဌာန်းကျမ်းမြတ်ဒေသနာပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲသို့ တက်ရောက်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဧပြီ ၁ဝ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် နံနက် ၇ နာရီခွဲက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်မည့် ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ နှင့် ငါးခုံးမကြီးငါးသားပေါက်ရေ ၁၅၀၀၀ တို့ကို ဇီဝိတဒါနအဖြစ် ဆုတောင်း၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တတိယအကြိမ်မြောက် စုပေါင်းဒုလ္လဘရှင်ပြုရဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းပွဲသို့ တက်ရောက်၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် မော်ဖောင်းကျေးရွာ တိုးချဲ့မြေကွက်သစ် ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်မဟာသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများနှင့် မြို့‌ ပေါ်ရပ်ကွက်များမှ ပြည်သူများအား စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုအလှူပွဲကို ဒါနပြုကျင်းပပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း တတိယအကြိမ်မြောက် စုပေါင်းဒုလ္လဘရှင်ပြုရဟန်းခံနှင့် သီလရှင်ဝတ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာများ၊ အလှူရှင်များက မြတ်စွာဘုရားအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ စုပေါင်းဒုလ္လဘရဟန်းခံရဟန်းတော်များ၊ သီလရှင်ဆရာများ၊ သာမဏေများအား ဆွမ်းဆန်တော်၊ ဝတ္ထုငွေနှင့်၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူဆက်ကပ် ပူဇော်ခဲ့ကြသည်။ ထို့နောက် အလှူရေစက်ချတရားတော်နာယူပွဲ အခမ်းအနားကို တောင်တန်းသာသနာပြု ဓမ္မဗိမ္မာန်တော်၌ ဆက်လက်ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်းမှုကိုလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်‌ပေးအပ်၊ ဗလမင်းထင်စံပြစိုက်ကွင်းအပါအဝင် ဆောင်းသီးထပ်လယ်စိုက်ခင်းများနှင့် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း၊ အင်ဂျန်းခချောင်းရေတံခါးတည်ဆောက်နိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၈ မေလ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ ဧပြီ ၈ ရက် နံနက် ၁၀ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် အလှူငွေများလာရောက်လှူဒါန်းပေးကြသည့် ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုငလျင်ဘေးဒဏ်သင့်ဒေသများမှ ညီရင်းအကိုမောင်နှမများအတွက် တတ်စွမ်းသလောက် လာရောက်ပါဝင်လှူဒါန်းမှုကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင် ဂျိမ်းဖောလငိုင် ကုမ္ပဏီမိသားစုမှ လှူဒါန်းငွေကျပ်သိန်း ၅၀၊ ဦးအောင်လွင်နှင့် ဒေါ်မေစန်းမောင် မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းနှင့် ဒေါ်ခင်စန်းမြင့်မိသားစုမှ အလှူငွေကျပ် ၁ သိန်းဖြင့် စုစုပေါင်းအလှူ‌ငွေကျပ် ၆၁ သိန်းကို လက်ခံရယူကာ အသိအမှတ်ပြုကျေးဇူးတင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်နေမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းသား/ သင်တန်းသူများနှင့် ဘာသာရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ လှူဒါန်း၊ ကြက်မွေးမြူရေးခြံအား ကွင်းဆင်းစစ်ဆေး၊ ဆားမှော်ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်အားဖွင့်လှစ်ပေး၊ ကြာအင်း(၂) ကျေးရွာဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မိုးညှင်း ဧပြီ ၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင်အဓိကအားထားရသည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးထပ်စိုက်စွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းသို့ သွားရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်းများသို့ တက်ရောက်သင်ကြားနေသော လူငယ်/လူရွယ်များနှင့်…

Read More