ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေး၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင် အိမ်ထောင်စုများ မိုးမကျမီအမိုးအကာဖြင့် ရေ၊ မီးပြည့်စုံစွာ နေထိုင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁           ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အလွတ်တန်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွား‌ရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနရုံး အပေါ်ထပ်ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တုရင်ဆပ်ကော်မတီက ဦးဆောင်၍ အလွတ်တန်းဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲအား ပြည်နယ်လက်ရွေးစင်များအပါအဝင် အတွဲပေါင်းများစွာဖြင့် ကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကစားသမားများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ စစ်တုရင်အားကစားနည်းသည် ပြည်နယ်အတွက် လိုအပ်ချက်များစွာရှိနေသေးသည့်အတွက် မျိုးဆက်သစ်အားကစားသမားများ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး(၂) အတွင်းရှိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးအမှတ်(၂)အတွင်း ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် စည်ပင်သာယာအမှတ်(၂)ဈေးရှိ oviကုန်တိုက်အတွင်းလက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စျေးအတွင်းရှိ ‌ရွှေစင်ဦး၊ ဇမ္ဗူရာဇ်နှင့် ရွှေဆန်းလီရွှေဆိုင်များတွင်    လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား…

Read More

မြစ်ကြီးနားမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး နှီးနွှယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ   ၁၁           သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာ‌ရေးကဏ္ဍမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လုပ်ငန်းများ ယခင်နှစ်များထက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နှီးနွှယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာအောင်ဝင်း၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာဇော်ရိန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအပေါ် ဒေသအလိုက် အားသာချက်၊ အားနည်းချက်များနှင့် လာမည့် ၂၀၂၆ ခုနှစ်အတွက် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အရေးပေါ်ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းမှု၊ အရေးပေါ် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ ရွေ့လျားဆေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားသည့်အစီအစဉ်များ၊ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁           Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်ဖူဆယ်အား ကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ အမျိုးသား/ အမျိုးသမီး ဖူဆယ်အားကစားနည်းတွင် ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ EP အသင်းနှင့် Mech အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ EP အသင်းက ပယ်နယ်သီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ကြားသင်ယူမှုတွင် ကြိုးစားသင်ယူလေ့လာရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်လူငယ်ပညာရှင်များဖြစ်အောင် ကြိုးစားသင်ယူလေ့ကျင့်ကြရေးနှင့် ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်ပြီး…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လှုပ်ရှားလည်ပတ်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ  ၁၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း‌ဝေးကို (Community Centre) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန Community Centre(မြစ်ကြီးနား) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက Community Centre တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများသည် အနာဂတ်လူငယ်များအတွက် အရေးပါသည့်လူ့စွမ်းအားအရင်းအမြစ်များရရှိအောင် တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် Community Centre သည် အသိပညာ၊ အတတ်ပညာများ သင်ယူနေကြသည့် လူငယ်များအတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်းများကို ယှဉ်ပြိုင်ခွင့်ရရှိသည့် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ပြည်နယ်အတွင်းရှိ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း သူနာပြု-သားဖွားဒီပလိုသင်တန်းကျောင်း မောင်/မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု-သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား၌ ၂၀၂၆ ပညာသင်နှစ် သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ၏ မောင်/မယ် သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက နိုင်ငံတော်အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုသို့မွေးထုတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် သင်တန်းကာလအတွင်း လုံခြုံစိတ်ချစွာ နေထိုင်ပြီး ပညာသင်ကြားနိုင်ရေး၊ စာတွေ့/လက်တွေ့ပညာရပ်များကို ခေတ်နှင့်လျော်ညီစွာ သင်ကြား/သင်ယူမှုပြုနိုင်ရန်၊ နေထိုင်စားသောက်ရေးအတွက် ရိက္ခာစရိတ်၊ ထောက်ပံ့မှုများကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများစွာ စီမံဆောင်ရွက်ပေးခြင်းဖြစ်သည့် အတွက် ယနေ့ သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေး လွှတ်တော်ရုံးဝင်း အတွင်း ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ (၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           ကချင်ပြည်နယ်အတွင်း တတိယအကြိမ် ကချင်ပြည်နယ်ပထမပုံမှန်အစည်းအဝေးကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လွှတ်တော်ပင်မအဆောက်အဦဝင်းအတွင်းနှင့် လွှတ်တော်ဧည့်ရိပ်သာဝင်းအတွင်းတို့တွင် ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြက်ပင်များ၊ ခြုံနွယ်များနှင့် အပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူစွန့်ပစ်ခြင်း စသည့် လုပ်ငန်းများအား သတ်မှတ်ထားသော နေရာများအလိုက် အပိုင်း (၆)ပိုင်းခွဲ၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများတွင် အတူတကွပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မြို့တော်ခန်းမတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်နယ်အဆင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများအား ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲနှင့် ယာယီတိမ်းရှောင်မိသားစုများ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆           ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြို့အင်္ဂါရပ်နှင့်အညီခေတ်မီပြီး ခမ်းနားထည်ဝါသည့် မြို့တော်ခန်းမသစ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ မြို့တော်ခန်းမသစ်ကို တာဝန်ယူတည်ဆောက်သည့် Jade Land မြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက မြို့တော်ခန်းမသစ် တည်ဆောက်ခြင်းအား ဘဏ္ဍာနှစ်အလိုက် အပိုင်းလိုက်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည့် ဆက်စပ်လုပ်ငန်းများအားလည်းကောင်း၊ တာဝန်ခံအင်ဂျင်နီယာက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း အခြေခံသင်တန်းဆင်းပွဲ(၁/၂၀၂၆) တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ဂုဏ်ပြုပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၅           ဒေသတွင်းစက်သုံးဆီအရောင်းဆိုင်များတွင်စက်သုံးဆီများ ကိုင်တွယ်တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း အခြေခံသင်တန်းဆင်းပွဲ (၁/၂၀၂၆)ကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရှံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။           အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးက ယခုသင်တန်းသည် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ကိုင်တွယ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခုလို အန္တရာယ်များသည့် စက်သုံးဆီများကို ကိုင်တွယ်ရတဲ့ ဝန်ထမ်းများအနေဖြင့် အဖိုးတန်လှသည့် စက်သုံးဆီများ အလေအလွင့်မရှိစေရေး၊စက်သုံးဆီသုံးစွဲသူများထံ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သဲသောင်တူးလုပ်ငန်းအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ‌ တူးဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်း အခမ်းအနားတက်ရောက်၊ ဗန်းမော်မြို့နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိက လုပ်ငန်းစီမံကိန်းများအနက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း စီမံကိန်းကို ဗလမင်းထင်တံတား အောက်ရှိသဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ရီ ၃ ရက် ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ပညာရှင်များနှင့်ဆွေးနွေးပြီး နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဒီဇိုင်းပုံစံအတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်လူထု ထိခိုက်မှုမရှိစေရေး၊ အထူးသဖြင့်…

Read More