
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ဧရိယာအတွင်း မီးရထားသံလမ်းတစ်လျှောက် ဘေးဝဲ/ယာတို့တွင် သန့်ရှင်းသပ်ယပ်ပြီး လူသွားလမ်း၊ ရေနှုတ်မြောင်း၊ အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် မြို့လယ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား စက်တင်ဘာ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သော မြို့ပြတစ်ခုဖြစ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ မီးရထားသံလမ်းတစ်လျှောက် ဘေး ဝဲ/ယာတို့တွင် သန့်ရှင်းသပ်ယပ်ပြီး လူသွားလမ်း၊ ရေနှုတ်မြောင်းနှင့် အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အင်ဂျင်နီယာမှူးကြီး၊ မြန်မာ့မီးရထားတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ဈေးကြီးလမ်းနှင့် စည်ပင်သာယာလမ်းဆုံမှ ဧရာရုပ်ရှင်ရုံအနီး မီးရထားသံလမ်းဘေးတစ်လျှောက်ရှိ အမှိုက်စုကန်နေရာတွင် အမှိုက်နှင့်ခြုံနွယ်များ ရှင်းလင်း၍ သံလမ်း ဝဲ/ယာတို့တွင် အလှပန်းပင်များ စနစ် တကျ…