မြစ်ကြီးနား စက်တင်ဘာ ၂၉
ပြည်နယ်ဝန်ကြီးချုပ်သည် ၂၉ -၉- ၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်ပပြုလုပ်သည့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ ဝင်များနှင့် ကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအနေဖြင့် ချမှတ်ထားသည့် မြေစစ်မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ပိတ်သိမ်းနိုင်မည့် အမှုတွဲများကို ပြီးပြတ်အောင် ပိတ်သိမ်းဆောင်ရွက်နိုင်ရေးနှင့် မရှင်း လင်းသည့် အမှုတွဲများကို ပွင့်ပွင့်လင်းလင်း တင်ပြ၍ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အောင်မြင်ရေးလုပ်ငန်းဆောင်ရွက်သည့်အခါ တစ်ညီတစ် ညွတ်တည်းပေါင်းစည်းဆွေးနွေးတိုင်ပင်၍ ဆောင်ရွက်ပေးကြရန် လိုကြောင်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာသော စိစစ်ရန်ကျန်ရှိသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ အမြန်ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။