
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်နှုန်းရရှိရေး တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျရောစပ်သုံးစွဲခြင်းနှင့် ရွက်ဖျန်းမြေသြဇာပက်ဖျန်းခြင်း တောင်သူပညာပေး ကွင်းသရုပ် ပြပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား စက်တင်ဘာ ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ (ကံ့ကော်မြိုင်)ကျေးရွာ၊ ကံ့ကော်မြိုင်ကွင်းအတွင်း မိုးစပါးရာနှုန်းပြည့်အထွက်တိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။ ရှေးဦးစွာ တောင်သူ ဦး၏ မိုးစပါးစိုက်လယ်အနီး၌ ကံ့ကော်မြိုင်ကွင်းအတွင်းရှိ မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အဓိကစိုက်ပျိုးသည့် စပါးခင်းများ အထွက်တိုးရေး “မျိုး၊ မြေ၊ ရေ၊ နည်းစနစ်” များအပြင် သွင်းအားစုများကို အချိန်ကိုက် အချိုးကျ အပြည့်အဝထည့်သွင်းနိုင်ရေးသည် အရေးကြီးပါကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှသာ…