
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်
မြစ်ကြီးနား သြဂုတ် ၂၇ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။ ရှေးဦးစွာ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက အခမ်းအနားကို မြကျွန်းညိုညို တေးသီချင်းသရုပ်ဖော်အကအလှတို့ဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၁ ရာစုတွင် ကျောင်းသား/ ကျောင်း သူများအား စာသင်ကြားရေးအပြင် အားကစားပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းဖြင့် လူငယ်များ၏ အနာဂတ်အတွက် ဘက်ပေါင်းစုံမှဝမ်းစာဖြည့်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင်များ ကို နိုင်ငံတကာအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်အားကာဌာနနှင့်…