ကချင်ပြည်နယ်ဝန်ကြီးချုပ် အ.ထ.က(စီတာပူ)နှင့် ပလနအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြစ်ကြီးနား)၏ ဒီပလိုမာအပ်နှင်းပွဲနှင့် ရိုးရာကောက်သစ်စားပွဲ၊ လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြု၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်အားပေး
မြစ်ကြီးနား နိုဝင်ဘာ ၂၄ ကချင်ပြည်နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာ အုပ်များကို ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပလန)တို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ကျောင်းအုပ်၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ရခြင်းအပေါ် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/…