ပင်မစာမျက်နှာ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၁၅           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ တွင် ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ် ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြသည်။           ဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းကစားသမားများအား မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်း ရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို စိတ်ပါဝင်စားလာစေပြီး မူးယစ်နွံမှ လွတ်မြောက်စေ‌ရေး၊ အားကစားလောကမှတဆင့် ဘဝအတွက် ကောင်းမွန်သော စိတ်ဓာတ်နှင့် အတွေးအခေါ်များရယူကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ပါဝင်လာကြမည့် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး အားကစားကဏ္ဍကို အထူးအလေးထား အားပေးလျက် ရှိကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲတွင်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ပြည်နယ်အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇွန် ၁၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပေးအပ်ခဲ့သည်။           အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးဦးအောင်သူက ပြည်နယ်လက်ရွေးစင်U-21ဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်သွားမည့်အစီအမံများ နှင့် ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်ရွေးစင်အားကစားသမားများမွေးထုတ်ပေး နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက U-21 ဘောလုံးအသင်းအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။           ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး…

Read More

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များအားတွေ့ဆုံပြီး ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက်ု ကြည့်ရှုအားပေး

မြစ်ကြီးနား၊ ဇွန် ၁၄           ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရေးကိစ္စများကို ဆွေးနွေးပြောကြားပါသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဉီးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များသို့ တက်ရောက်၍ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေး

မြစ်ကြီးနား     ဇွန် ၁၂           ကချင်ပြည်နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို မြစ်ကြီးနားမြို့၊ တက္ကသိုလ်ဝင်းအတွင်းနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော် ပရဝဏ်အတွင်းတို့၌ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းအနီး၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုးဆွေ၊ ဦးတိန့် ဆောင်တို့နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကထိကဆရာ၊ ဆရာမများ၊ စစ်မှုထမ်းဟောင်းများ နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက မိုးရာသီတစ်အုပ်တစ်မ အရိပ်ရ သစ်ပင်များကို စုပေါင်း၍…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဇွန် ၁၁           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တေွ့ဆုံပွဲ ကို ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး အတွက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲပြန်လည် ကျင်းပပြီး မိမိတို့လို လားတောင်းတသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီ…

Read More

မြစ်ကြီးနားစာဖြေဌာန၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားပေးကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား     ဇွန် ၁၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့စာဖြေဌာန၌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပြည်နယ် သံဃနာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဝန်းသိုကျောင်းတိုက်၌ ကျင်းပလျက်ရှိသော ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေ ကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သွားရောက် အားပေးကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဝန်းသိုကျောင်းတိုက်၌ ပြည်နယ်သံဃနာယကဆရာတော်ကြီးများကြီးကြပ် မှုဖြင့် စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေး(၁၀၃)ပါးတို့၏ဖြေဆိုမှု ကို လှည့်လည်ကြည့်ရှုအားပေးကြည်ညိုခဲ့ကြပြီး ပြည်နယ်သံဃနာယကဆရာတော်ကြီးများထံ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှု အခြေအနေနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ် များကို မေးမြန်းလျှောက်ထားခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအတွက် အလှူငွေကျပ်(၆)သိန်းနှင့် စာဖြေသံဃာ…

Read More

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇွန် ၁၀           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ‌ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများတွင် လျှင်မြန်စွာကူးစက်ဖြစ်ပွားနေမှုနှင့် မြန်မာနိုင်ငံ အတွင်း ပြန်လည်ဖြစ်ပွားလာမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့ ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်တားဆီးရေး၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် တိုးမြှင့်လုပ်ဆောင်ရေးနှင့် ဆပ်ကော်မတီ များအနေဖြင့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပြီး ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇွန် ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီမှ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အမျိုးသမီးဘောလုံး အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်နေသကဲ့သို့ အားကစားကဏ္ဍကိုလည်း အားပေးဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍသာမက အခြားသော အမျိုးသမီး ဘဝမြင့်မားတိုးတက်လာစေရေးအတွက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၉           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၉ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဒေသတစ်ခု ပြည်နယ်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် များစွာအရေးကြီးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြမှသာ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွင် မှတ်ပုံတင်ပြီး တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများရှိသကဲ့သို့ မှတ်ပုံတင်ပြုလုပ်ဆဲ ကုမ္ပဏီများလည်းရှိကြောင်း၊ လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့် ဥပဒေအညီ လုပ်ကိုင်နိုင် ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် အမြဲတမ်းချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေး…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်းဝန်ထမ်းများအား တွေ့ဆုံမှာကြား

မြစ်ကြီးနား     ဇွန် ၇           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် ရန် ဒေသအသီးသီးမှ ရွှေ့ပြောင်းရောက်ရှိလာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း ဝန်ထမ်းများအား ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များအား ဒေသအသီးသီးမှ ပြောင်းရွှေ့လာရောက်ရှိလာကြသည့် ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အရာထမ်း ဝန်ထမ်းများက  ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရမည့် နေရာ၊ ဒေသနှင့် ဌာနခွဲများကို ဂါဝရပြု မိတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံဝန်ထမ်းများဟူသည် နိုင်ငံရေး မည်သို့ပြောင်းလဲစေကာမူ ပြောင်းလဲလာသည့်စနစ်၊မူဝါဒကိုက်ညီအောင် မိမိတို့အား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ အထူးသဖြင့်…

Read More