ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ်(၂)တံတား ရေလယ်တိုင် ဘိုးပိုင်ရိုက်သွင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ ၆           ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)က တာဝန်ယူတည်ဆောက်လျက်ရှိသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တံတားအထူးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့က အမှတ်(၂)တံတားတည် ဆောက်ရေး စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ရေလယ်တိုင်အမှတ် (၅)နှင့် အမှတ်(၆) တည်ဆောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် အမြန်ရေယာဉ်များဖြင့် ရေလယ်တိုင်အမှတ် (၅) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း ရေလယ်တိုင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်း လပြည့် (သာမညဖလအခါတော်နေ့)တွင် တန်ဆောင်တိုင်ပွဲတော်အား ဖွင့်လှစ်ပေးပြီး ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲများကျင်းပ ခြင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တန်ဆောင်တိုင် စတုဒီသာဈေးပွဲတော်များအား တက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၅             ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာရိုးရာအစဉ်အလာနှင့်အညီ ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်ကို ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကပဒေသာဖျော်ဖြေပွဲများဖြင့်  တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ညနေ ၆ နာရီက မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို  မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ် ရိုးရာကောက်သစ်စားပွဲတော်နှင့် ဒေသတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ဖလှယ်ပွဲအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ  ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကောက်ဦးပေါ်ချိန်တွင် ကျင်းပမြဲဖြစ်သည့် အင်လုံအင်နန်ရှားပွဲဟုခေါ်ဆိုသည့် ရိုးရာကောက်သစ်စားပွဲတော်နှင့် ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ယှဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများကို မြစ်ကြီးနားမြို့၌ (၂) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင်  ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပွဲတော်များကျင်းပရာတွင် ရိုးရာကောက်သစ်စားပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ အစုံအညီတက်ရောက်စေပြီး တစ်နှစ်တာ စိုက်ပျိုးရာသီပြီးဆုံး၍ ကောက်ရိတ်သိမ်းချိန်တွင် အဦးအဖျားရရှိသည့် ကောက်ဦးဆန်ကို အတူတကွကျေးဇူးတော်ချီးမွမ်း၍ ချက်ပြုတ်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် ပထမအကြိမ် မသိုး သင်္ကန်းရက်ခတ်ပြိုင်ပွဲ၊ ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား  နိုဝင်ဘာ ၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်အောင်ဇေရန်အောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် ပထမအကြိမ် မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲ၊ ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်အခမ်းအနားများကို ကချင်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နှင့် မြစ်ကြီးနားမြို့နယ်ဗုဒ္ဓကလျာဏယုဝအသင်းတို့က ပူးပေါင်းကျင်းပရာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ စေတီတော်ရင်ပြင်၌ မြစ်ကြီးနားမြို့ပေါ်မှ ပြိုင်ပွဲဝင်ရက်ကန်းစင်များနှင့် ဝိုင်အမ်ဘီအေ အသင်းသူ/သားများနှင့် ဧည့်ပရိတ်သတ်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်များက သတ်မှတ်နေရာအသီးသီး၌ နေရာယူခဲ့ကြပြီး အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက် ဆရာတော် သဒ္ဓမဇောတိက ဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာဥတ္တမသီရိက ကြီးမှူး၍ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။           ဆက်လက်၍…

Read More

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား  နိုဝင်ဘာ ၃ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများသည် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်-၃၀၀ ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းပေးနေကြသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ခွန်အားဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်က တပ်မတော်ဆေးရုံအတွက် ချီးမြှင့်ငွေကျပ်သိန်း (၃၀)ကို ထောက်ပံ့ပေးအပ်ပြီး သွေးလှူရှင်များအား ဆေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နေ့လည်စာထမင်းဗူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Read More

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ (၁၀၅) နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အရှည် (၃၂၄)ပေရှိ နန့်ကွေ့ကွန်ကရစ်တံတားသစ်အား ဖွင့်လှစ်ပေး

မြစ်ကြီးနား  နိုဝင်ဘာ ၃           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်း (၁၀၅)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နန်းကွေ့ချောင်းပေါ်၌ တာဝန်ယူတည်ဆောက်ပေးခဲ့ပြီး  နန်းကွေ့ကျေးရွာနှင့် မော်ဖောင်းကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၃၂၄)ပေရှိ နန့်ကွေ့ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နန်းကွေ့ကျေးရွာ၌ စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ တံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေး အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ ကျေးရွာအတွင်းနေထိုင်လျက်ရှိသော လော်ဝေါ်၊ လာချိဒ်၊ လီဆူနှင့် ရဝမ်တိုင်းရင်းသားများက လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြကာ လော်ဝေါ်ရိုးရာအကအလှများ၊ တံတားသစ်ဖွင့်ပွဲဂုဏ်ပြုတေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။…

Read More

မြန်မာဥပဒေသတင်းအချက်အလက်စနစ်

ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System)သည် မြန်မာနိုင်ငံ၏ ဥပဒေသတင်းအချက်အလက်များကို ဝန်ဆောင်မှုပေးနေသော ဝက်ဘ်ဆိုဒ်ဖြစ်သဖြင့် ဥပဒေလေ့လာလိုသူများအနေဖြင့် https://www.mlis.gov.mm/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ မော်ဖောင်းကျေးရွာ တိုးချဲ့မြေဧရိယာအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ ၂           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား ၂၀၂၅ ခုနှစ် တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် စည်ကားသိုက် မြိုက်စွာ ဖွင့်လှစ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။           ရှေးဦးစွာ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများ၊ ဘင်ခရာအဖွဲ့နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများက ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းရှိ တိုင်းရင်း သားမျိုးနွယ်စုများအတွင်း မိမိတို့မျိုးနွယ်စုကိုချစ်မြတ်နိုးပြီး အခြားသောမျိုးနွယ်စုများကာ ပြည်နယ်ချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုတိုးပွားထက်သန်လာစေရန်၊ မိမိတို့အစိုးရအဖွဲ့နှင့် မျိုးနွယ်စုများအကြား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်းဒုတိယအကြိမ် ကျင်း ပသည့် ဝန်ကြီးချုပ်ဖလား အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ၊ (၁၅) ကြိမ်မြောက် ပြည်နယ်အစိုးရ အဖွဲ့၏ စုပေါင်းမဟာဘုံကထိန် အလှူမင်္ဂလာအခမ်းအနားနှင့် ရိုးရာကောက်သစ်စားပွဲနှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ  ၃၁           ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဒုတိယအကြိမ်အဖြစ် ဒေသတွင်းရှိ ပိုက်ကျော်ခြင်းအသင်းများ ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသား (၄) ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲသည် ပြည်နယ်အတွင်း ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် အမှတ်ပေးပြိုင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ကချင်ပြည်နယ်၏ ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြှင့်မားရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အားကစားကဏ္ဍတွင် ပြည်နယ်အတွက် တန်ဖိုးရှိသော၊ စွမ်းရည်ထက်မြက်သော အားကစားသမားလူရည်ချွန်များပေါ်ထွက်လာစေရေး စဉ်ဆက်မပြတ်အလေးထားပံ့ပိုးပေးလျက်ရှိပါကြောင်း တိုက်တွန်းမှာကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအသင်းများမှ နည်းပြများနှင့်…

Read More

မြစ်ကြီးနားမြို့ ၌ ပဉ္စမအကြိမ်မြောက် စာကြည့်တိုက်များ တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆက်လက်ကျင်းပ

မြစ်ကြီးနား  အောက်တိုဘာ ၃၀           ကခငွပြှညနြယအြစိုးရအဖှဲ့၏ ကှီးကှပလြမြးညှှနမြှုဖှင့ြ ပှညနြယပြှနကြှားရေးနှင့ြ ပှညသြူ့ ဆကဆြံရေးဦးစီးဌာနနှင့ြ အခှခေံပညာဦးစီးဌာနတို့ ပူးပေါငြးကငွြးပသည့ြ ပဉျစမအကှိမမြှောကြ စာကှည့တြိုကမြွားဖှံ့ဖှိုးတိုးတကရြေးနှင့ြ စာဖတရြှိနမြှှင့တြငရြေးပှဲတောကြို ယနေ့ နံနကြ ၉ နာရီက မှဈကှီးနားမှို့ ဒူကထောငရြပကြှကြ အမှတြ(၁၀) အခှခေံပညာအထကတြနြးကွောငြး ဒူဝါခနြးမ၌ ကငွြးပ ပှုလုပသြညြ။ ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က ယခုလို ပွဲတော်များ ကျင်းပပေးခြင်းသည် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာ စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့်အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲ များအဖြစ် လူထုအခြေပြုဗဟိုဌာန…

Read More